Sunday, May 20, 2012

Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနည်း (၉) နည်း

           Tablet PC တွေဟာ ဈေးကွက်အတွင်းမှာ အောင်မြင်မှု အတိုင်းအတာအနေနဲ့  ရောင်းအားမြင့်တက်လာတာကို တွေ့ရမှာပါ။ ဒါဟာလည်း Apple ကထုတ်လုပ်လိုက်တဲ့ iPad တွေဟာ Tablet လောကကိုစိုးမိုးနေခဲ့တာ ကြာပါပြီ . လက်ရှိအချိန်မှာတော့ Apple iPad နဲ့အတူ Samsung Galaxy Tab , Acer Iconia Tablet တို့အပြင် အခြားတံဆိပ်မျိုးစုံနဲ့ Tablet တွေဟာ ဈေးကွက်အတွင်းမှာ ပြိုင်ဆိုင်လျက်ရှိပါတယ်။ ဒီအတွက်ကြောင့် Tablet တစ်လုံးကို အကောင်းဆုံးအသုံးချနိုင်မယ့် အချက်(၉)ချက်ကို ပြောပြပေးလိုက်ပါတယ် .။

၁။ Phone တစ်လုံးအသွင်အသုံးပြုခြင်း

          Tablet တစ်လုံးဟာ 3G စနစ်လိုမျိုး ပါဝင်လာမယ်ဆိုရင်တော့ Mobile ဖုန်းတစ်လုံးလို အသုံးပြုနိုင်မှာပါ . ။Tablet ကိုကိုင်ပြီး တိုက်ရိုက်စကားပြောရင်တော့ ပတ်ဝန်းကျင်က သူငယ်ချင်းကို ကြောင်တယ်လို့ပြောပါလိမ့်မယ်။ အဲ့ဒါကို Bluetooth Headset လိုမျိုးနဲ့ တွဲဖက် အသုံးပြုတဲ့အခါမှာတော့ အဆင်ပြေစေမှာပါ . ။ 3G အသုံးပြုနိုင်တဲ့   Tablet တွေရဲ့ လိုင်းဆွဲအားအနေနဲ့ကလည်း မဆိုးတဲ့အတွက် Tablet တစ်ဖြစ်လဲ Phone တစ်လုံးအသွင်အသုံးပြုနိုင်မှာပါ ။


၂။ ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုခြင်း

              Tablet တစ်လုံးရဲ့ စွမ်းဆောင်ရည်ဟာ အရမ်းကိုမြင့်တက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကွန်ပျူတာတစ်လုံးအသွင် အသုံးချနိုင်လာပြီဖြစ်တယ်။ Android အသုံးပြုထားတဲ့ Tablet တွေတော်တော်များများထွက်ပေါ်လာပြီး Tablet  တို့ရဲ့ အရေးပါမှုဟာ ပိုမိုကျယ်ပြန့်လာပါတယ် . ။ Application တွေရဲ့ စွမ်းဆောင်ရည်တွေကလည်း အရမ်းကောင်းလာတဲ့အတွက် Tablet တစ်လုံးကို ကွန်ပျူတာတစ်လုံးအသွင် အသုံးပြုလာနိုင်ပါပြီ ။


၃။ ခရီးဆောင် Gadget အဖြစ်အသုံးပြုခြင်း 

          ယခင်အချိန်က Laptop , Notebook , Netbook လိုမျိုး နေရာသိပ်မယူတဲ့ ကွန်ပျူတာတွေကို ခရီးဆောင်အဖြစ် အသုံးပြုကြပါတယ် . ။ ဒီနေရာကို တာဝန်ယူခဲ့တာက Tablet တွေပဲဖြစ်ပါတယ်။  ခရီးသွားရာမှာ စာဖတ်ဖို့ပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ် အလွယ်တကူပြုလုပ်နိုင်တာဟာ  Tablet  တွေပဲဖြစ်ပါတယ် ။



၎။ တခြားစက်တစ်ခုအသွင် အသုံးပြုခြင်း

          Tablet  တွေမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ ပမာဏမြင့်မားပြီး၊ Screen အရွယ်အစားကလည်း အသင့်အတင့်ရှိတဲ့အတွက်ကြောင့် တခြားစက်တွေလိုအသုံးပြုနိုင်ပါတယ် . ။ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာဖြစ်သလို၊ အချို့သော Musical Specialist များဟာ   Tablet  မှာပါဝင်တဲ့ Application တွေကို အသုံးပြုပြီး ဂီတာတို့ ၊ စန္ဒာရားတို့ လိုမျိုး အသုံးပြုနိုင်မှာပါ ။


၅။ Game စက်တစ်ခုအဖြစ်အသုံးပြုခြင်း

         Tablet တွေရဲ့ အကောင်းဆုံး အားသာချက်တစ်ခုလို့လဲပြောနိုင်ပါတယ်။ Phone ထက်မျက်နှာပြင်ကျယ်ပြန့်တဲ့ Screen ဟာဂိမ်းကစားဖို့အတွက် အရမ်းကောင်းသလို၊  Tablet Game တွေကလည်း နာမည်ကြီးလာကြပါပြီ . ကွန်ပျူတာတစ်လုံးကို ဂိမ်းအကြီးစားတွေ ဆော့ကစားနိုင်ဖို့အတွက် မလွယ်ကူသေးပေမယ့် ကစားလို့ကောင်းတဲ့ ဂိမ်းတွေကိုလည်း    Tablet  ပေါ်မှာ ကစားလို့ရနေပါပြီ။



၆။ Internet အသုံးပြုနိုင်တဲ့ ပစ္စည်းအဖြစ်အသုံးပြုခြင်း

           Internet အသုံးပြုတဲ့နေရာမှာ Tablet တွေဟာလည်း အားသာချက်တွေနဲ့ ပြည့်နေပါတယ်။ Tablet တွေမှာ Wi-Fi တွေပါလာပြီမို့လို့ ကြိုက်တဲ့နေရာမှာ အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ် . ပြီးတော့ ဖုန်းတွေထက်လည်း Screen တွေကကျယ်ပြန့်လို့ Gtalk , Facebook သုံးတဲ့နေရာမှာလည်း အရမ်းကိုအဆင်ပြေပါတယ်။



၇။ စာသင်ကြားရာတွင်အသုံးပြုခြင်း

            မြန်မာနိုင်ငံမှာTablet တွေကိုသာ စာသင်တဲ့နေရာမှာသင်ရင်တော့ စာသင်ခန်းကြီး ဇောက်ထိုးဖြစ်သွားမှာစိုးလို့ . ပေးမသင်တာလားမသိဘူး  ။နိုင်ငံခြားတွေရဲ့ ကောလိပ်အစ မူလတန်းအဆုံး စာသင်ကြားရာမှာ Tablet တွေကိုအသုံးပြုလာပါပြီ ။ မြန်မာနိုင်ငံမှာလည်းနေချင်  Tablet နဲ့လည်းစာသင်ချင်တဲ့သူတွေအတွက် Online School တွေပေါ်လာပါပြီ . ။ အထူးသဖြင့် အင်္ဂလိပ်စာ သင်ယူရာမှာ Online ကနေသင်ယူနိုင်ပါပြီ . ။



၈။ ကင်မရာတစ်လုံးအဖြစ် အသုံးပြုခြင်း

          Tablet အများစုမှာ ပါဝင်တဲ့ ကင်မရာတွေဟာ နောက်ပိုင်းမှာ ရုပ်ထွက်ကောင်းလာပါတယ် . ။ ပြီးတော့ ဓာတ်ပုံတွေကို ပြင်ချင်၊ ဖျက်ချင် တဲ့သူတွေအတွက် Tablet နဲ့ အလွယ်တကူပြင်နိုင်၊ ဖျက်နိုင်ပါတယ် . ။ Tablet နဲ့လည်းဓာတ်ပုံတွေကို ကြည့်နိုင်ပါတယ်။



၉။ Memory Stick တစ်ခုအဖြစ် အသုံးပြုခြင်း

           Tablet တစ်လုံးကို ကိုယ်သိမ်းထားချင်တဲ့ ဓာတ်ပုံ၊ ဆော့ဖ်ဝဲလ်၊ ရုပ်ရှင်၊ သီချင်း စတာ တွေကို သိမ်းထားနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါတယ် .  .  ပြောရရင် Stick လိုမျိုးပေါ့ . ။
      
အထက်ပါ နည်းလမ်း(၉)မျိုးဟာ Tablet တစ်ခုကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ .  . * * * * *     

0 comments:

Post a Comment