Sunday, May 27, 2012

မေး ။ ဒီတစ်ခါမေးချင်တာကတော့ ကွန်ပျူတာအကြောင်းပါ။ ကျွန်တော် blogspot.com က Movie တွေကိုကြည့်လည်းကြည့်ချင်တယ်။ Download လည်းဆွဲချင်တယ်။ အဲဒီ Site က Ban ခံထားရတယ်ဗျ။ ကျွန်တော် polysolve.com နဲ့ကျော်ကြည့်တယ်။ ၀ဘ်ဆိုဒ်ထဲကိုတော့ဝင်သွားတယ်.။ ဒါပေမယ့် Movie တွေကိုကြည့်လို့လဲမရ၊ ဒေါင်းလို့လဲမရဘူး ဖြစ်နေတယ်။ ဘာဆော့ဖ်ဝဲသုံးမလဲ။ ဘာ Plug-in သုံးရမလဲ။ MPT က Ban တယ်ဆိုရင် ဘယ်လိုလုပ်ရနိုင်မလဲ။ အဲဒါဘယ်လိုလုပ်ရမလဲလို့ကူညီပါဦး။

ဖြေ ။ မြန်မာနိုင်ငံမှာက Internet Speed ကမကောင်းတော့ Movie တွေကို ကြည့်ဖို့၊ Download လုပ်ဖို့သိပ်မလွယ်ပါဘူး။ ဒါ့အပြင် Proxy ကိုကျော်ပြီးတော့ ၀င်ရတာဖြစ်တဲ့အတွက်ကြောင့် Internet Speed ဟာပုံမှန်ရှိတာထက် ပိုနှေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Movie တွေကိုကြည့်လို့မရတာ၊ ဒေါင်းလို့မရတာဖြစ်နိုင်ပါတယ်။ Movei တွေကို Down ဖို့ကတော့ Real Player ကိုအသုံးပြုရင်အဆင်ပြေနိုင်ပါတယ်။ Movie တော်တော်များများကို Real Player နဲ့ Down လို့ရပါတယ်။

0 comments:

Post a Comment