Sunday, May 27, 2012

မေး ။ GSM နဲ့ WCDMA စနစ်က GSM ကဆင်းသက်လာတဲ့ GSM စနစ်တူတူပဲဆိုရင် ဘယ်လို GSM ဟန်းဆက်နဲ့ပဲဖြစ်ဖြစ် စနစ်နှစ်ခုစလုံးကို အသုံးပြုလို့ရနိုင်ပါသလား ။

ဖြေ ။ WCDMA စနစ်ဆိုတာ GSM ကနေဆင်းသက်လာခဲ့တဲ့ GSM စနစ်အတူတူပဲဆိုတာဟုတ်ပါတယ်။ ဒါပေမယ့်ဒီစနစ်နှစ်ခုမှာမတူညီတာက GSM ဟာ 2G ကွန်ရက်စနစ်သုံးစနစ်ဖြစ်ပြီး WCDMA က 3G ကွန်ရက်သုံးစနစ်ဖြစ်ခြင်းပါပဲ။ ဒီနှစ်ခုမှာကွာခြားချက်တွေရှိပါတယ်။ လွယ်လွယ်ကူကူပြောပြရရင်တော့ 2G စနစ်မှာမပါဝင်တဲ့ Video Conferencing စနစ်တွေနဲ့ MMS လိုစနစ်မျိုးတွေကို 3G စနစ်မှာပါဝင်နေပါတယ်။ WCDMA 3G စနစ်မှာပါဝင်လာမယ့်စနစ်တွေကို အသုံးပြုနိုင်ဖို့ဆိုရင်တော့ WCDMA စနစ်အသုံးပြုနိုင်မယ့်ဟန်းဆက်တွေနဲ့ပဲ အဆင်ပြေနိုင်မှာဖြစ်ပါတယ် ။ WCDMA 3G စနစ်အသုံးပြုလို့မရနိုင်တဲ့ အခြား GSM ဟန်းဆက်တွေနဲ့ဆိုရင်တော့ 3G ရဲ့ Service တွေကိုအသုံးပြုလို့ရမှာ မဟုတ်ပါဘူး . ။ဒါကြောင့် WCDMA စနစ်ကိုအသုံးပြုမယ်ဆိုရင်တော့ GSM ဟန်းဆက်တိုင်းနဲ့အသုံးပြုလို့မရနိုင်ဘူးလို့ဆိုရမှာပဲ . . .. ။

0 comments:

Post a Comment