Sunday, May 20, 2012

Earphone တွေကိုအကောင်းဆုံးအသံရရှိစေဖို့

     


    အကောင်းဆုံးအသံလို့ဆိုတာနဲ့  Beats by Dr.dre နားကြပ် ကိုသတိရကြလိမ့်မယ်။ ဒါပေမယ့် Beats နားကြပ်မဟုတ်လဲ အကောင်းဆုံးအသံရဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဒီနည်းကတော့ နားကြပ်ကို ပြုပြင်ထိန်းသိမ်းနည်း နဲ့တူပါတယ်။ နားကြပ်မကောင်းလည်း အသံကောင်းအောင်လုပ်တဲ့နည်းလေးပါ။


(၁)ကြိုးတွေကို မှန်ကန်အောင်တပ်ပါ
          ညာဘက်(R)၊ ဘယ်ဘက်(L)ဆိုပြီး earphone ပေါ်မှာရေးထားပါတယ်. ဒါတွေကို မှန်ကန်တဲ့ နားဘက်မှာတပ်ပါ ။ပြီးရင် earphone တွေကိုမြဲအောင်တပ်ထားဖို့တော့ လိုပါတယ်။


(၂)Earphone တွေကိုနားထဲထည့်ပါ 
      အော်..earphone ပါဆိုမှနားထဲမထည့်လို့..ဘယ်လိုလုပ်ရမှာလဲလို့မေးလာလိမ့်မယ်..အဲ့အမေးအတွက်အဖြေကဒီမှာပါ။Earphone တွေကိုနားထဲမထည့်ခင် နားကိုအပေါ်၊အောက်၊ဘယ်ညာ လက်နဲ့ချဲ့ပါ။ ပြီးတော့မှ earphone ကိုတပ်ပါ ။


(၃)Listening Device တွေကိုသတိထားပြီးတပ်ပါ
          Listening Device ဆိုတာကကိုယ်နားထောင်မယ့်ပစ္စည်းကိုပြောတာပါ.ကိုယ်က i Pod နဲ့ဆို i Pod က Listening Device ပါ။ mp4 ဆို mp4 က  Listening Device ပါ။  Listening Device တွေကိုမတပ်ခင်မှာ အသံတိုးထားပါ။ Earphone နဲ့ Device ရဲ့ output jack ကိုတပ်ပါ။ အထက်ပါနည်းနဲ့Earphone ကိုမှန်ကန်အောင်တပ်ပါ ။ ပြီးမှအသံကို ကိုယ်နားထောင်လိုတဲ့ အသံအထိဖြည်းဖြည်းချင်း ကျယ်ပါ။


(၄) Earphone တွေကို ထိန်းသိမ်းပါ
    Earphone ရဲ့ နားအပေါက်ကိုသန့်ရှင်းရေးမှန်မှန်လုပ်ပါ ..ဒါဟာအရေးကြီးဆုံးပါ။ ပြီးတော့ Earphone ကိုအောက်မကျမိပါစေနဲ့။

0 comments:

Post a Comment