Sunday, May 27, 2012

မေး ။ Android Tablet နဲ့ iPad ဘာကွာခြားပါသလဲ ။

ဖြေ ။ Android OS စနစ်သုံး Tablet နဲ့ IOS ဘာကွာသလဲဆိုတော့ပထမဆုံး အမြင်အနေနဲ့ OS စနစ်ကွာခြားပါတယ်။ ဒါ့အပြင် Android OS စနစ်သုံး Tablet တွေမှာက Memory ကိုကတ်ထပ်စိုက်ပြီး ထပ်တိုးအသုံးပြုလို့ရပါတယ်။ iPad တွေမှာကတော့ Memory ထပ်တိုးလို့မရပါဘူး . ။ အဲဒါတွေကတော့ ကွာခြားပါတယ်။ နောက်ထပ်ဘာကွာသေးလဲဆိုရင်တော့ နှိုင်းယှဉ်ပြီးပြောနိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS စနစ်သုံး Tablet တွေကအများကြီးကွာခြားနေတဲ့အတွက် ကွာခြားချက်ကိုနှိုင်းယှဉ်နိုင်ဖို့ သိပ်မလွယ်နိုင်ပါဘူး။ Android OS စနစ်မှာတော့ ဆော့ဖ်ဝဲလ်တွေ၊ ဂိမ်းတွေနဲ့ တခြား Application ဆိုင်ရာထည့်သွင်းခြင်းတွေကိုပြုလုပ်ဆောင်ရွက်ဖို့ သိပ်မခက်ခဲနိုင်ပါဘူး . ။

0 comments:

Post a Comment