Sunday, May 27, 2012

မေး ။ Nokia X7 ဖုန်းကတစ်ခြားတစ်ဘက်ကဖုန်းခေါ်ရင်ကိုင်လို့မရဖြစ်နေပါတယ်။ ကိုင်လိုက်ရင် Screen ကပိတ်သွားပါတယ်။ တစ်ဘက်လူကဖုန်းချမှာ ပြန်ပွင့်သွားတာဘာဖြစ်လို့လဲ။ ပြောပြပေးပါလား ။

ဖြေ ။ အကိုအခုဖြစ်နေတဲ့ပြဿနာမှာ ဖြစ်နိုင်ချေ ၂ ခုရှိပါတယ်။ Firmware Error ကြောင့်သော်လည်းကောင်း၊ CPU IC Error ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ အကိုဖြစ်နေတဲ့ပြဿနာကို Firmware ပြန်ရေးလိုက်ရင် အဆင်ပြေသွားတာမျိုးတွေကိုလည်းတွေ့ရပါတယ်။ နောက်တစ်ခုကတော့ CPU IC မကောင်းတာပါ ။ ဖုန်းဝင်လာတဲ့ Singal ရတာနဲ့ CPU ကနေပြီးတော့ VGA ( ရုပ်ပေါ်စေသောစနစ် ) ကိုပိတ်လိုက်တဲ့အတွက်ကြောင့် အခုလိုဖြစ်ရတာပါ။ အဲ့ဒါကြောင့် အစ်ကိုဖုန်းကိုအရင်ဆုံး Firmware ကိုစစ်ဆေးကြည့်ပါ။ Firmware ကောင်းနေတယ်ဆိုရင်တော့ CPU IC ကိုစစ်ဆေးကြည့်ရမှာပါ။

0 comments:

Post a Comment