Sunday, May 27, 2012

မေး ။ Huawei C8500S ဖုန်းမှာ ဂျီမေးလ်စနစ်ကိုအသုံးပြုချင်ပါတယ်။ ဒါပေမယ့်သုံးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲ။ ဖုန်းထဲမှာတော့ ဂျီမေးလ်စနစ်ကိုထည့်ထားတာရှိပါတယ်။ သုံးလို့မရတာပါ။

ဖြေ ။ Huawei C8500S ဖုန်းထဲမှာ Android OS Gmail စနစ်ကိုအသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းကို Rooting ပြုလုပ်ပြီးမှပဲအသုံးပြုလို့ရနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့သူ့ထဲမှာ Original ပါလာတဲ့စနစ်က အသုံးပြုလို့မရဘူးဖြစ်နေတာကိုတွေ့ရပါတယ် ။ တချို့တွေလည်းအသစ်ပြန်ထည့်ထားတာတွေတွေ့ရပါတယ်။ ဒါပေမယ့်ပြန်ထည့်ထားတဲ့သူတွေလည်း အဆင်သိပ်မပြေကြတာကိုတွေ့နေရတုန်းပါပဲ။ Root လုပ်ဖို့အတွက်နဲ့ဖုန်းရဲ့ Firmware Version မြှင့်ဖို့ပြောင်းလဲဖို့အတွက်လည်းအနည်းငယ်ခက်ခဲနေပါသေးတယ်။ ဗားရှင်းချိန်းပြီးတော့ Root လုပ်မယ်ဆိုရင်တော့ Gmail စနစ်ကိုအသုံးပြုလို့ရနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာတော့ဒီဖုန်းတွေမှာ Gmail စနစ်ကို Android Gmail စနစ်နဲ့အသုံးပြုလို့မရသေးဘဲ Google ကနေတစ်ဆင့်ဝင်ပြီး ရိုးရိုးသုံးတဲ့ Gmail စနစ်ကိုပဲအသုံးပြုနေကြသေးတာတွေ့ရပါတယ်။

0 comments:

Post a Comment