Friday, May 25, 2012

Android နဲ့ IOS ဘယ်အရာကိုရွေးချယ်မလဲ

ယခုခေတ်အခါမှာ Android နဲ့ IOS ဟာနာမည်အလွန်ကြီးပါတယ်. ပြီးတော့ နှစ်မျိုးစလုံးကိုလည်း ကမ္ဘာတစ်ဝန်းလုံးကလူတွေက ကြိုက်ကြပြီး ဘယ်အရာကပိုကောင်းလဲဆိုတာကတော့ မပြောနိုင်ကြပါဘူး . ဒါကတော့ ကိုယ်ကြိုက်ရာကိုယ်ကောင်းတာပေါ့ . Android ကြိုက်တဲ့သူက Android ကောင်းတယ်လို့ပြောကြတယ်. IOS Crazy ကလည်း IOS သာအကောင်းဆုံးလို့ပြောပါလိမ့်မယ်. နှစ်မျိုးစလုံးကိုနှိုင်းယှဉ်ပြီးတော့ ရေးပြထားပါတယ်. ကိုယ်နှစ်သက်ရာကိုရွေးချယ်နိုင်အောင်လို့ပါ . ကိုယ်နဲ့အသင့်တော်ဆုံး၊ အကိုက်ညီဆုံး OS ကိုရွေးချယ်တာဟာအကောင်းဆုံးပါ။ နောက်ပိုင်းမှာတော့ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ မပြောနိုင်ပါဘူး ။ အခုအခါမှာတော့ Android နဲ့ IOS တို့ဟာ အကြီးမားဆုံးပြိုင်ဘက်တွေဖြစ်နေကြပါတယ်. ။

အခြေခံသဘောတရား

IOS နဲ့ Android တို့ရဲ့အဓိကခြားနားမှုက OS ရဲ့လုပ်ဆောင်ပုံဖြစ်ပါတယ်. Apple ထုတ်ကုန်များအတွက် Apple ကထုတ်လုပ်ထားတဲ့ IOS ဟာထုတ်ကုန်တစ်ခုချင်းစီရဲ့အခြေခံစနစ်အတွက် အထောက်အပံ့ပေးနိုင်ပြီး ဗားရှင်းအသစ်ဖြန့်ချိတဲ့အခါမှာလည်း Apple ကအဆင့်မြှင့်တင်မှုတွေကိုပြုလုပ်ပေးပါတယ်။


Android က Hardware ထုတ်လုပ်သူများအတွက် DIY OS kit တစ်ခုအနေဖြင့်အထောက်အပံ့ပေးပါတယ်. Android ကိုထုတ်လုပ်သူအများအပြားကနေ အသုံးပြုကြပေမယ့် ကွဲပြားခြားနားတဲ့ထုတ်လုပ်သူများရဲ့ ကိုယ်ပိုင် interface တွေကိုထည့်သွင်းအသုံးပြုထားတာကြောင့် ထုတ်ကုန်တစ်ခုနဲ့ တစ်ခုဟာမတူညီကြပါဘူး ။ ဥပမာ - Samsung နဲ့ HTC နှစ်ခုရဲ့ Smart Phone တွေ၊ Tablet တွေကိုယှဉ်ကြည့်မယ်ဆိုရင် ပုံစံတွေမတူညီကြပါဘူး . interface တွေလည်းမတူပါဘူး။ ဒါပေမယ့်သုံးထားတဲ့ OS ကတော့ Android ကိုပဲအသုံးပြုထားတာပါ . ။
IOS ကတော့ Hardware နဲ့ Software ပုံစံ ဘယ်လိုပဲမတူညီပါစေ ရိုးရှင်းတဲ့ interface ကိုသာပုံသေအနေနဲ့ထားပါတယ်. ထုတ်ကုန်တစ်ခုရဲ့အဆင့်မြှင့်တင်မှုအပိုင်းမှာဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ထွက်ပေါ်လာတဲ့ iPhone 3GS မှာနောက်ဆုံးဗားရှင်းကိုအသုံးပြုနိုင်ပေမယ့် မကြာသေးမီကမှထွက်ပေါ်လာတဲ့ Android tablet တွေမှာတော့ နောက်ဆုံးပေါ် Android Version ကိုအသုံးပြုနိုင်ခြင်းမရှိပါဘူး . ထုတ်ကုန်တစ်ချို့မှာတော့ တချို့သော ဟက်ကာ အဖွဲ့ရဲ့အကူအညီကြောင့် အသုံးပြုသူကိုယ်တိုင် ပုံမှန်အဆင့်မြှင့်တင်မှုပြုလုပ်နိုင်ပေမယ့် အသုံးပြုသူအများစုကတော့ အလွယ်တကူပြုလုပ်နိုင်မှာမဟုတ်ပါဘူး ။



ဖိုင်စနစ် ( File System )

IOS နဲ့ Android နှစ်ခုအကြား အကြီးမားဆုံးအခြေခံလုပ်ဆောင်မှုကွာခြားချက်ကတော့ ဖိုင်စနစ်ကို ကိုင်တွယ်လုပ်ဆောင်မှုဖြစ်ပါတယ်။ အဆိုပါ OS နှစ်မျိုးစလုံးရဲ့ ဖိုင်စနစ်ကိုအခြေခံအနေနဲ့ System ဖိုင်များနဲ့ User ဖိုင်များဆိုပြီး ခွဲခြားထားပါတယ်. Window နဲ့မတူတာကတော့ OS တစ်ခုရဲ့လုပ်ဆောင်ချက်တွေအတွက် အရေးကြီးလှတဲ့ဖိုင်တွေကို အသုံးပြုသူတွေ မြင်တွေ့အသုံးပြုခွင့်မပေးထားပါဘူး ။ အဆိုပါဖိုင်တွေကိုအသုံးပြုတဲ့သူတွေ မမြင်အောင်ဖုံးကွယ်ထားပြီး Jailbreak သို့မဟုတ် Root လုပ်မှသာ အဆိုပါဖိုင်တွေကိုတွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်. ။
ဒုတိယကွာခြားချက်ကတော့ ဖိုင်များကိုကိုင်တွယ်လုပ်ဆောင်ပုံဖြစ်ပါတယ်. Android ဟာဖိုင်များနဲ့ Folder များကို Internal နဲ့ Extenrnal Memory မှာထားနိုင်မယ့် စံသတ်မှတ်ထားတဲ့ ဖိုင်စနစ်ကိုအသုံးပြုထားပါတယ်။ ဖိုင်တွေကိုရွေ့ပြောင်းထားနိုင်သလို App တစ်ခုရဲ့ဖိုင်တွေကိုလည်း အခြားတစ်နေရာထံ ရွှေ့ပြောင်းထားနိုင်ပါတယ်. နောက်ပြီး Dropbox ကနေ Download လုပ်ထားတဲ့ သီချင်းဖိုင်တွေကို Music App မှာတွေ့မြင်နိုင်သလိုဖိုင်လုပ်ဆောင်ချက်တွေကလည်း Window, OS X, Linux တို့နဲ့တူပါတယ် .အကျိုးရှိစေတဲ့အချက်ကတော့ အသုံးပြုသူကိုယ်တိုင် ဖိုင်တွေကိုစီမံခန့်ခွဲနိင်ခြင်း၊ တူညီတဲ့ဖိုင်များကိုအသုံးပြုပြီး App များနေမှုကိုမဖြစ်ပေါ်စေခြင်း၊ File Manager ကိုအသုံးပြုပြီး ဖိုင်များကိုစီမံခန့်ခွဲနိုင်ခြင်းတို့ဖြစ်ပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးကတော့ USB နဲ့ချိတ်ဆက်အသုံးပြုနိုင်စေမယ့် အပေါက်တွေ၊ SD , Micro SD များဖြင့်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်.
IOS ကတော့ ဖိုင်များကို သီးခြား App များအဖြစ်တိုက်ရိုက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကိုဖိုင်စနစ်မရှိဘူးဆိုပြီးသတ်မှတ်မယ့်အစား ဖိုင်စနစ်ကိုမမြင်မတွေ့နိုင်အောင် ပြုလုပ်ထားခြင်းလို့ပြောနိုင်ပါတယ်. ။ အကယ်၍ အသုံးပြုသူဟာ Page App မှာ Music တွေကိုမြင်တွေ့လိုတယ်ဆိုရင် Music တွေကို Page App ထံရွှေ့ပြောင်းရမှာဖြစ်ပါတယ်. Page App ဆိုတာကတော့ မျက်နှာပြင်မှာမြင်တွေ့နေရတဲ့ Application တွေကိုပြောတာပါ။ ဒီသဘောတရားဟာ Window ရဲ့ My Picture , My Documents စတာတွေနဲ့တူပါတယ်. ဖိုင်များကိုရွှေ့ပြောင်းခြင်းကို USB ကတစ်ဆင့်ပြုလုပ်နိုင်ပေမယ့် IOS မှာတော့ App ရွှေ့ပြောင်းတဲ့အခါမှာ iTunes ကိုအသုံးပြုရမှာပါ ။ IOS စနစ်ရဲ့ အကျိုးကျေးဇူးကတော့ ဖိုင်စနစ်နဲ့ရင်းနှီး ကျွမ်းဝင်မှုမရှိသူများအတွက် အလွယ်တကူအသုံးပြုနိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်ပါတယ်. ။




စွမ်းဆောင်ရည် ( Support Power )


IOS မှာအလိုအလျောက်လှည့်ရာတွင် နှေးကွေးခြင်း၊ ကီးဘုတ်ဖွင့်ရာတွင်အချိန်ကြာမြင့်ခြင်း စတဲ့စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးတွေ လုံးဝဖြစ်ပေါ်ခြင်းမရှိဘဲ ပြုလုပ်စေနိုင်ပါတယ်။ Android ကလည်း IOS ကဲ့သို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပေမယ့် ယင်းကဲ့သို့လုပ်ဆောင်နိုင်ဖို့အတွက် သင့်လျော်တဲ့ Hardware တွေတပ်ဆင်အသုံးပြုထားဖို့လိုပါတယ်.။



Hardware ( ပစ္စည်းအမျိုးအစား )


Android နဲ့ထုတ်လုပ်ထားတဲ့ Hardware တွေဟာအမျိုးမျိုးကွဲပြားပါတယ်။ RAM 1GB ပါတဲ့ Tablet တွေရှိသလို RAM 512MB သာရှိတဲ့ Tablet တွေလည်းရှိပါတယ်. Android 3.2 ကတော့ (၇)လက်မအရွယ် Honeycomb tablet များကိုထုတ်လုပ်နိုင်စေမယ့် ပထမဦးဆုံးသော Android ဗားရှင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ၁၀.၁ လက်မအရွယ် tablet တွေအများအပြားထွက်ရှိလာပါတယ်. ။ Samsung အမျိုးအစားတွေမှာ ၇ လက်မ၊ ၇.၇ လက်မ၊ ၈.၉ လက်မ၊ ၁၀.၁ လက်မအမျိုးအစားများဖြင့်ရရှိနိင်ပါတယ်. အဲ့ဒီ tablet တွေထဲမှာ အချို့သော Port ပါဝင်မှုကွဲပြားသလို တချို့မှာ HDMI Built in ပါဝင်ပါတယ်. တချို့ Tablet တွေမှာ Adapter တွေလိုအပ်သလို၊ တချို့လည်းကင်မရာကောင်းမွန်ပါတယ် ။ တချို့ Tablet တွေရဲ့ကင်မရာဟာ ကောင်းမွန်ခြင်းမရှိသလို တချို့မှာလည်း Bluetooth 3.0 ကိုအသုံးပြုထားကြပါတယ်. တချို့မှာတော့ Bluetooth 2.1 သာပါဝင်ပါတယ်.။
IOS အသုံးပြုထားတဲ့ Apple ထုတ်ကုန်မှာတော့ ကောင်းမွန်တဲ့ CPU နဲ့ GPU စွမ်းဆောင်မှုအပြင် RAM , gyroscope , camera စတာတွေပါဝင်ပေမယ့် ယင်းအချက်တွေဟာ ထုတ်ကုန်အမျိုးအစားကွဲပြားခြားနားမှုအပေါ်မူတည်ပါတယ်. ။ Hardware အချက်အလက်များကို နှိုင်းယှဉ်မယ်ဆိုရင် 1GHz dual-core / 512MB RAM အသုံးပြုထားတဲ့ iPad ရဲ့လုပ်ဆောင်ချက်ဟာ 1.2GHz dual-core / 1GB RAM အသုံးပြုထားတဲ့ Galaxy Tab 7.0 ရဲ့လုပ်ဆောင်ချက်ထက် ပိုမိုတည်ငြိမ်ပြီး ပိုမိုချောမွေ့စေပါတယ်.။



Root လုပ်ခြင်းနဲ့ Jailbreak ပြုလုပ်ခြင်း


Root ပြုလုပ်ခြင်းနဲ့ Jailbreak ပြုလုပ်ခြင်းဟာစကားလုံးချင်းမတူညီပေမယ့် ယင်းတို့ကို OS တစ်ခုချင်းစီရဲ့ Unlocked mode အဖြစ်သတ်မှတ်နိုင်ပါတယ်.။ Android ကို root လုပ်တဲ့အခါ အသုံးပြုသအနေဲ့ OS ကိုပိုမိုထိန်းချုပ်နိင်သလို တခြား Android ဗားရှင်းထံသို့လည်း ပြောင်းလဲအသုံးပြုနိင်စေပါတယ်. ။ IOS ထုတ်ကုန်တစ်ခုကို Jailbreak လုပ်ခြင်းကတော့ မတူညီတဲ့ ROM များကိုရယူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီတဲ့ IOS ဖြစ်ဖို့အတွက် Unlock ပြုလုပ်ခြင်းဖြစ်ပါတယ်။
အထက်ပါလုပ်ဆောင်မှုတွေပြုလုပ်ပြီးတဲ့အခါမှာ IOS နဲ့ Android တို့ဟာတစ်ခုနဲ့တစ်ခုတူညီလာပါတယ်။ Android မှာ Root လုပ်စရာမလိုဘဲအသုံးပြုနိုင်တဲ့ Mouse Support ကို IOS မှာ Jailbreak ပြုလုပ်ပြီးတဲ့အခါမှာသာ အသုံးပြုနိုင်ပါတယ်.။ Gmail Emulator တွေအနေနဲ့ Android မှာ Root မလုပ်ဘဲလုပ်ဆောင်နိုင်ပေမယ့် IOS မှာတော့ Jailbreak လုပ်ပြီးတဲ့ အခါမှာ Emulator တွေကိုရော Controller တွေကိုပါ အသုံးပြုစေနိုင်ပါတယ်..။ Android မှာ နဂိုပါတဲ့ Home Screen ကိုစိတ်ကြိုက်ပြင်ဆင်ခြင်းမျိုးကို IOS ထုတ်ကုန်တစ်ခုမှာ Jailbreak ပြုလုပ်ပြီးမှာသာ ပြင်ဆင်နိုင်မှာပါ။
Root ပြုလုပ်ခြင်းနဲ့ Jailbreak ပြုလုပ်ခြင်းတို့ကို အဆင့်မြင့် နည်းပညာအဖြစ် တွေးထင်နေကြမှာပါ။ ဒါပေမယ့်လည်းတကယ်တမ်းမှာတော့ ထင်သလောက်ရှုပ်ထွေးခြင်းမရှိပါဘူး . ။



သုံးသပ်ချက် ( Total )


IOS နဲ့ Android တို့မှာအားသာချက်နဲ့ အားနည်းချက်ကိုယ်စီရှိကြတာကြောင့် နှစ်ခုစလုံးကိုနားလည်သဘောပေါက်အောင် လေ့လာထားသင့်ပါတယ်။ Tablet သို့မဟုတ် Smart Phone တစ်ခုဝယ်တော့မယ်ဆိုရင် တစ်စုံတစ်ဦးဆီကအကြံဥာဏ်မတောင်းဘဲ မိမိကိုယ်တိုင် ဆုံးဖြတ်ပြီးမှဝယ်ယူသင့်ပါတယ် ။ မိမိအသုံးပြုမယ့်ပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ပစ္စည်းကိုဝယ်တာကအကောင်းဆုံးပါ . ။ ဆုံးဖြတ်မှုမပြုလုပ်ခင်မှာတော့ ၀ယ်ယူအသုံးပြုမယ့်ပစ္စည်းရဲ့ အားသာချက်၊ အားနည်းချက် တို့ကိုနားလည်သလောပေါက်ဖို့တော့လိုပါတယ်.။
" သမင်လေး "

0 comments:

Post a Comment