Sunday, May 27, 2012

ဒီအမေးအဖြေတွေအားလုံးကို ဂျာနယ်တွေ၊ စာအုပ်တွေကနေတစ်ဆင့်ဖော်ပြတာပါ

မေး ။ ကျွန်တော့်ဖုန်းက Huawei C8650 ဖုန်းပါ။ ကျွန်တော့်ဖုန်းထဲမှာ Call Recorder ဆော့ဖ်ဝဲလ်ကိုသွင်းထားပါတယ်.။ အဲဒီဆော့ဖ်ဝဲလ်က တစ်ချိန်လုံးအလုပ်လုပ်နေပြီး ဖုန်းအ၀င်အထွက်အားလုံးကို မှတ်သားနေတဲ့အတွက် Record ဖိုင်ထဲမှာဝင်ကြည့်တော့မှ မှတ်သားထားတာတွေအများကြီးကိုမြင်ရပါတယ်. ။ အဲဒါကိုပိတ်ထားချင်ရင်ဘယ်လိုလုပ်ရပါမလဲ။

ဖြေ။ Android OS ဖုန်းတွေမှာထည့်သွင်းအသုံးပြုတဲ့ Call Recorder ဆော့ဖ်ဝဲလ်ကဒီလိုပါပဲ။ သူကအချိန်ပြည့်တော်တော်များများကို အလုပ်လုပ်နေတတ်ပါတယ်။ ဒါကတော့အသုံးပြတတ်တဲု့သူတွေအတွက်ဆိုရင်ကောင်းပါတယ်။ ဆော့ဖ်ဝဲလ်ကိုပိတ်ထားချင်တယ်ဆိုရင်တော့ Call Recorder ဆော့ဖ်ဝဲလ်ထဲကိုဝင်ပြီး အ၀င်ခေါ်ဆိုမှုတွေကိုပဲမှတ်သားမယ်.၊ အထွက်ခေါ်ဆိုမှုတွေကိုပဲ မှတ်သားပါမယ်. ဒါမှမဟုတ်ရင်လည်း ဘာမှမမှတ်ဘူးဆိုပြီး ကိုယ်အသုံးပြုချင်သလို သွားပြီးအမှတ်အသားပေးထားနိုင်ပါတယ်. ဒါဆိုသူက ကိုယ်မှတ်သားခိုင်းထားတဲ့ အလုပ်ပဲလုပ်ပါလိမ့်မယ်။ အဲလိုမှမဟုတ်ရင်တော့ သူကအ၀င်အထွက်အားလုံးကိုမှတ်သားတဲ့အတွက် ဖုန်းရဲ့မှတ်ဥာဏ်ပဲဖြစ်ဖြစ်၊ Memory ကတ်ပဲဖြစ်ဖြစ်ခဏလေးနဲ့ ပြည့်လာတတ်ပါတယ်.။ ဆော့ဖ်ဝဲလ်ရဲ့စနစ်ထဲမှာ သွားပိတ်ဖို့အသုံးမပြုတတ်ဘူးဆိုရင်တော့ Android ရဲ့ Setting ထဲက Application ထဲက Manage Application ထဲမှာသွားပြီးရပ်ထားလို့လည်းရပါတယ်။

0 comments:

Post a Comment