Sunday, May 27, 2012

မေး ။ 3G စနစ်မှာ SMS စနစ်အပြင် MMS စနစ်ကိုပါ အသုံးပြုနိုင်မယ်လို့ပြောနေကြပါတယ်။ အဲဒီ MMS ဆိုတာဘာကိုဆိုလိုတာပါလဲ။ MMS အကြောင်းလေးသိပါရစေ.။

ဖြေ ။ ခုနောက်ပိုင်းမှာအသစ်ချထားပေးနေတဲ့ WCDMA လို့ခေါ်တဲ့ 3G စနစ်မှာ MMS စနစ်အသုံးပြုခွင့်ပေးခဲ့မယ်ဆိုရင်တော့အသုံးပြုလို့ရပါတယ်။ SMS ဆိုတာကတော့ Short Message System ကိုဆိုလိုပါတယ်. ဒါကတော့စာတိုပို့စနစ်တစ်မျိုးပါပဲ။ Message ပို့တဲ့နေရာမှာ စာလုံးရေကိုကန့်သတ်ထားပြီး သတ်မှတ်စာလုံးရေအတွင်းမှာပဲပို့နိုင်ပါတယ်။ ဒါကို SMS လို့ခေါ်ပါတယ်. ။ MMS ဆိုတာကတော့ Multimedia Message System လို့ခေါ်ပါတယ်။ Message ပို့တဲ့နေရာမှာ SMS လိုမျိုးစာတိုပို့စနစ်မျိုးမဟုတ်တော့ပဲ Multimedia ဖိုင်တွေဖြစ်တဲ့ ဓာတ်ပုံဖိုင်တွေနဲ့ အခြားဗီဒီယိုဖိုင်တွေကိုပါ Message နဲ့တူတူတွဲဖက်ပို့နိုင်တဲ့စနစ်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုပို့တဲ့နေရာမှာလည်း သတ်မှတ်ထားတဲ့ဖိုင်အရွယ်အစားပေါ်မှာမူတည်ပြီးတော့ အသုံးပြုရမှာဖြစ်ပါတယ်။

0 comments:

Post a Comment