Sunday, May 27, 2012

မေး ။ ကျွန်တော့်ရဲ့ Samsung Galaxy S မှာ Memory Card ကိုဖြုတ်ပြီး ပြန်တပ်ရင် Media Scanning လုပ်ပြီး တချို့ Application တွေ၊ Game တွေက Dim ဖြစ်ပြီး Memory Card ပုံပဲနေပြီး ဖွင့်လို့မရပါဘူး . အစကအဲ့လိုမျိုးမဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာသာ အဲ့လိုဖြစ်တာပါ။ အဲ့ဒါဘာကြောင့်ပါလဲ။

ဖြေ ။ အကို့ဖုန်းမှာ အခုဖြစ်နေတဲ့ ပြဿနာကတော့ Memory Card ကိုဖြုတ်ပြီး ပြန်တပ်လိုက်တဲ့အခါမှာ Memory Card ပေါ်မှာသွင်းထားတဲ့ App တွေ၊ Game တွေဟာ Memory Location ပျောက်သွားပြီးတော့ Run လို့မရတော့ဘဲ icon တွေက Dim ဖြစ်နေတာပါ။ အဲ့ဒီလိုဖြစ်တယ်ဆိုရင်တော့ Memory Card ကို Foramt လုပ်ပြီးတော့ App တွေ၊ Game တွေကိုပြန်သွင်းမှရမှာပါ။ အဲ့ဒါကြောင့် နောက်ပိုင်း Memory Card ကိုထုတ်တော့မယ်ဆိုရင် Unmount SD Card ကိုလုပ်ပြီးမှထုတ်သင့်ပါတယ်. ။ Hotswap ရတယ်ဆိုပေမယ့်လည်း သတိထားသင့်ပါတယ်။

0 comments:

Post a Comment