Phone Design
ှ Screen ရဲ့ အပေါ်ဘက်မှာ တော့  Self - Portrait နဲ့ Video Chat တို့ပြုလုပ်ရန်အတွက် ကင်မရာအပြင် အလင်းနဲ့ အချက်ပြပေးမယ့်  Indicator light တို့ကို တွေ့ရမှာဖြစ်ပါတယ် ။ အောက်ဘက်ပိုင်း မှာတော့ Touch Sensitive Navigaation ခလုတ်လေးခု ကိုတွေ့ရမှာဖြစ်ပြီး သေးငယ်ပါးလွှာတဲ့ Volume Rocker ခလုတ်ကိုတော့ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ တပ်ဆင်ပေးထားပါတယ် ။ ဘယ်ဘက်ခြမ်းမှာ တော့ Micro USB အားသွင်းပေါက် ကိုတွေ့ရမှာဖြစ်ပြီး 3.5 မီလီမီတာ နားကြပ်ပေါက်နဲ့ ဖုန်းအဖွင့်အပိတ် ခလုတ်ကိုတော့  ဖုန်းရဲ့ ထိပ်ဘက်ပိုင်းမှာတပ်ဆင်ပေး ထားပါတယ် ။
Phone Connect
HTC Vivid ကို Dual - Band ( GSM 850 / 900 / 1800 / 1900 ; LTE 1700 / 2100 ) ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ် ။
Phone Processor
ပရိုဆက်ဆာ အနေနဲ့ 1.2 GHz dual core Qual - comm ကိုအသုံး ပြုထားတဲ့ အတွက် ပရိုဂရမ်များ ဖွင့်ခြင်း ၊ Navigation များလုပ်ခြင်း စတဲ့ လုပ်ဆောင် များစွာကို လျင်မြန်စွာ ပြုလုပ်နိုင်ပါတယ် ။
Phone Display
ဖုန်းရဲ့ Screen ကတော့ ၄. ၅ လက်မအရွယ် Super LCD ဖြစ်ပြီး HD Screen Resolution ( 540 x 960 pixel ) နဲက အရောင်များစွာကို အထောက်အပံ့ပေးထားတာကြောင့်  ကြည်လင်ပြတ်သားတဲ့ အရောင်အသွေး မျိုးစုံ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ။ Operating System အနေနဲ့ Android 2.3 Gingerbread ကို HTC ရဲကSense 3. 0 interface နဲ့ တွဲဖက်အသုံးပြု ထားပြီး အပို Feature များ၊ Function များအပြင် အလွန် ကောင်းမွန်တဲ့ ဂရပ်ဖစ် တို့ဖြင့် အသုံးပြုနိုင်မှာပါ ။
Phone Memory
Memory သိုလှောင်မှု အနေနဲ့ကတော့ Internal Memory 16 GB ပါဝင်ပြီး SD slot ကနေတစ်ဆင့် 32 GB အထိတိုးမြှင့်အသုံးပြုနိုင်ပါတယ် ။
Phone Camera
ဖုန်းမှာ တပ်ဆင်ထားတဲ့ 8 megapixel ကင်မရာဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး အလင်းအားနည်းတဲ့ နေရာတွေ မှာ ဓာတ်ပုံများကို ရိုက်ကူးတဲ့ အခါမှာလည်း အရည်အသွေး မြင့်တဲ့ ဓာတ်ပုံများကို ရရှိစေနိုင်ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မှာတပ်ဆင်ထား တဲ့ 1.3 megapixel ကင်မရာကလည်း ပုံရိပ်တွေကို ချောမွေ့စွာနဲ့ အရောင်တွေကို တိကျပြတ်သားစွာ ဖော်ပြပေးနိုင်ပါတယ် ။ ဗီဒီယိုရိုက်ကူးခြင်း အတွက်လည်း 1080p HD ဖြင့်ရိုက်ကူးနိုင်ပါတယ်။
Phone Feature
WiFi , GPS , Bluetooth 3.0 နဲ့ Multiple inbox အထောက်အပံ့ ၊ Multimedia and texy Messaging ကဲ့သို့သော ဆက်သွယ်ရေးစနစ် တွေ ပါဝင်လာပါတယ်။
Phone Battery
ဘက်ထရီကတော့ 1,620 mAh ဖြစ်ပြီး ဖုန်းပြောခြင်းအတွက် ၄.၆ နာရီ အသုံးပြုနိုင်ကာ Stand - By အနေနဲ့ ၁၂. ၂ ရက်အသုံးပြုနိုင်ပါတယ် . ။
" သမင်လေး "
0 comments:
Post a Comment