ယခုခေတ်အခါမှာ Android နဲ့ IOS ဟာနာမည်အလွန်ကြီးပါတယ်. ပြီးတော့ နှစ်မျိုးစလုံးကိုလည်း ကမ္ဘာတစ်ဝန်းလုံးကလူတွေက ကြိုက်ကြပြီး ဘယ်အရာကပိုကောင်းလဲဆိုတာကတော့ မပြောနိုင်ကြပါဘူး . ဒါကတော့ ကိုယ်ကြိုက်ရာကိုယ်ကောင်းတာပေါ့ . Android ကြိုက်တဲ့သူက Android ကောင်းတယ်လို့ပြောကြတယ်. IOS Crazy ကလည်း IOS သာအကောင်းဆုံးလို့ပြောပါလိမ့်မယ်. နှစ်မျိုးစလုံးကိုနှိုင်းယှဉ်ပြီးတော့ ရေးပြထားပါတယ်. ကိုယ်နှစ်သက်ရာကိုရွေးချယ်နိုင်အောင်လို့ပါ . ကိုယ်နဲ့အသင့်တော်ဆုံး၊ အကိုက်ညီဆုံး OS ကိုရွေးချယ်တာဟာအကောင်းဆုံးပါ။ နောက်ပိုင်းမှာတော့ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာ မပြောနိုင်ပါဘူး ။ အခုအခါမှာတော့ Android နဲ့ IOS တို့ဟာ အကြီးမားဆုံးပြိုင်ဘက်တွေဖြစ်နေကြပါတယ်. ။
အခြေခံသဘောတရား
IOS နဲ့ Android တို့ရဲ့အဓိကခြားနားမှုက OS ရဲ့လုပ်ဆောင်ပုံဖြစ်ပါတယ်. Apple ထုတ်ကုန်များအတွက် Apple ကထုတ်လုပ်ထားတဲ့ IOS ဟာထုတ်ကုန်တစ်ခုချင်းစီရဲ့အခြေခံစနစ်အတွက် အထောက်အပံ့ပေးနိုင်ပြီး ဗားရှင်းအသစ်ဖြန့်ချိတဲ့အခါမှာလည်း Apple ကအဆင့်မြှင့်တင်မှုတွေကိုပြုလုပ်ပေးပါတယ်။