ခရီးဆောင် Firefox လေးပဲဖြစ်ပါတယ် ။ ကိုယ့်ရဲ့ Memory Stick မှာ သွင်းထားပြီး ကွန်ပျူတာရှိတဲ့ နေရာတိုင်းမှာ အသုံးပြု နိုင်ပါတယ်။ သွားလေရာမှာ Firefox ကို သုံးနိုင်အောင် စီစဉ်ပေးထားတာပါ။ Portable ဖြစ်တဲ့ အတွက်လည်း အလွယ်တကူ မည်သည့်နေရာမှာမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ အသုံးပြုတဲ့ အခါမှာလည်း အရင် Firefox အတိုင်း လွယ်ကူ ရိုးရှင်းစွာ အသုံးပြု နိုင်မှာပါ ။ အရင်က တခြားကွန်ပျူတာဆိုင်တွေ၊ အင်တာနက်ဆိုင်တွေမှာ အင်တာနက် သွားသုံးတဲ့အခါ တချို့ဆိုင်တွေက Firefox ကို Install မလုပ်ထားပါဘူး။ အဲ့လိုဆိုရင် Firefox Setup ကို ယူသွားပြီးတော့ ဟိုမှာ Install လုပ်ရပါတယ်။ ပြီးတော့အဲဒီ Firefox ကလည်း အင်တာနက်ဆိုင်မှာ Install လုပ်ပြီးတဲ့အတွက် ပြန်ဖျက်ဖို့ကလည်း တော်တော်ရှုပ်မှာပါ။ အဲ့လို တစ်ခါသွားတိုင်း Install လုပ်၊ ပြန်ဖျက် လိုက်နဲ့ဆိုရင် ကိုယ်က အင်တာနက်သုံးရမှာ မဟုတ်တော့ပါဘူး ။ အဲဒါနဲ့တင်ပဲ ၁၅ မိနစ်၊ နာရီဝက်လောက် က အချိန်ကုန်သွားလောက်ပါပြီ ။ အဲ့လိုမျိုး အခက်အခဲတွေအတွက် ဒီ Portable Firefox လေးကအသုံးဝင်မှာပါ ။ ဘာပဲဖြစ်ဖြစ် Download ဆွဲထားတော့လည်း ကိုယ့်အတွက် အရှုံးမရှိနိုင်ပါဘူး ။
Download From mediafire
Download From ifile.it
0 comments:
Post a Comment