ဒီဖောင့်ကလည်း မြန်မာဖောင့်ပါပဲ ။ ဇော်ဂျီဖောင့် မထွက်လာခင်ကတည်းတုန်းက ဒီဖောင့်နဲ့ပဲ စာစီစာရိုက်၊ Chatting ထိုင်တာတို့ ၊ Website ကြည့်တာတို့ ပြုလုပ်ခဲ့ကြပါတယ်။ သူနဲ့ Zawgyi-One Font က စာရိုက်တဲ့ နေရာတွေ မတူကြပါဘူး ။ တချို့ဘလော့တွေဆို Unicode Font နဲ့ရေးထားပါတယ်။ အဲဒါကို Zawgyi- One Font နဲ့ ဖတ်တဲ့အခါမှာ စာလုံးတွေက ရှေ့နောက် တွေလွဲနေပါတယ်၊ ပြီးတော့ တချို့စာလုံးတွေဆို ဘယ်လိုအသံထွက်ရမှန်းကို မသိပါဘူး .။ အဲ့လိုမျိုး မတူညီတာလေး တွေ တော့ရှိပါတယ် ။ ဒါကြောင့် Zawgyi Font သွင်းထားပေမယ့်လည်း မြန်မာလိုဖတ်လို့ မရတာတွေရှိပါတယ် ။ အခုကတော့ Unicode Font လေးပါ ။ Unicode နဲ့ရေးထားတဲ့ စာတွေအားလုံးကို ဖတ်လို့ရပါတယ် ။ ဒါပေမယ့် Zawgyi-Font နဲ့ရေးထားတာတွေတော့ ဖတ်လို့မရပါဘူး ။ ပြည်တွင်းမှာတော့ မြန်မာဖောင့်တွေ မျိုးစုံရှိပါတယ် ။ အဲဒီထဲကမှ Unicode နဲ့ Zawgyi ကအသုံးအများဆုံး ဖြစ်တဲ့ အတွက် နှစ်ခုစလုံးကို Download ဆွဲထားရင် ပိုကောင်းမယ်လို့ထင်ပါတယ် ။
Download From mediafire
Downlaod From ziddu
0 comments:
Post a Comment