This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ဂဏန်းဗေဒင်. Show all posts
Showing posts with label ဂဏန်းဗေဒင်. Show all posts

Sunday, May 20, 2012

၉ ဂဏန်းသမားများအကြောင်း



မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။
အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့
နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။
အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား
အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့်
ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်း
မြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟု
ထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။


-မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

-မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

-မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း

ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

-သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

-ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို

ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ
ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

-စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက

မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

-မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

-မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..


-ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

-မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်

မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

-မင်းဟာ
လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...


-မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်

အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...

-မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

-မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့
အဖော်မွန်ကတော့ 2!!!

၉.၁၈.၂၇ မှာမွေးတဲ့ သူတွေကတော့ God of War ဆိုတဲ့ စစ်ဘုရင်
အင်္ဂါဂြိုလ်စိုးမိုးသူတွေဖြစ်ပါတယ်။ ဘ၀မှာ အတိုက်အခံ
အပြိုင်အဆိုင်တွေများသလို ကိုယ်တိုင်ကလဲ အဲလိုအခက်အခဲရှိမှသာ
အောင်မြင်မယ့်လူစားမျိုးပါ။ တိုက်ပွဲတစ်ခု ဆင်နွဲသလို ဘ၀ကို
ရင်ဆိုင်တတ်သူတွေပါပဲ။ တခါတလေ ဒေါသကြီးတာ၊ စိတ်ဓာတ်ပြင်းထန်သူတွေ၊
တဇွတ်ထိုးလုပ်တတ်သူတွေဖြစ်ပါတယ်။ သူလည်း အိမ်ထောင်ကျ နောက်ကျတတ်တဲ့
ဂဏန်းမျိုးဖြစ်ပါတယ်။ အားမငယ်ပါနဲ့ဗျာ လက်ဖက်ကောင်းစားချင်ရင်
တောင်တက်ကတော့ နှေးရမှာပေါ့နော..
ဂဏန်းတွေဟာ ကောင်းကင်ကောဇာဂြိုလ်တွေရဲ့ရွေ့လျားမှုတွေ၊နောက် ပြီး
လက္ခဏာပေါ်က အရေးကြောင်းတွေနဲ့ တနည်းတဖုံ ဆက်နွယ်နေတတ်ပါတယ်။ အခု
ကောင်းကင်မှာ ကြာသပတေးက သူပိုင်ဓနုအိမ်မှာ ကသစ်မူနေလို့ ၃
ဂဏန်းပိုင်ရှင်တွေ လက်မထောင်နိုင်တဲ့
အချိန်အခါပါပဲ။ရာထူးတိုးတာ၊လုပ်ငန်းချဲ့ထွင်တာ၊
ငွေတွေအပုံလိုက်ဝင်တာမျိုးတောင်ဖြစ်တတ်ပါတယ်။
ဘာသာရေးလုပ်ပေးပါလို့အကြံပေးလိုက်ပါတယ်။ပညာသစ်တွေလဲရတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ လေ့လာမိသမျှပြောရရင်
ဒီ ၃.၆.၉ ဂဏန်းတွေ မွေးသက်ကရစ်မှာကြိမ်ရေများများပါလာရင်တော့
ဥာဏ်များတဲ့သူတွေဖြစ်တတ်ကြပါတယ်လို့ . .  . . . .  . . . . .  .
                                                                                          " သမင်လေး "

၈ဂဏန်းသမားများအကြောင်း



မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။
အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလော က် မေတ္တာတရားတွင်
ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊
ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံ
စေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း
မျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီး
မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး
ပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။

-မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး..

-သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့
ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..


-အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက

-မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..

ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို

တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

-မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.

-ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..

ဘ၀ကိုလည်း..အထီးကျန်စွာ

-ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..

-မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ
ဖြစ်ပွားတက်ပါတယ်)

-မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့

မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..

-မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..(
အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)



-သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

-အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..

-မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..

အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...

-မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5 .

၎ ကို ၂ နဲ့ မြှောက်လို့ ၈ ရလာတဲ့အခါ ၄ ရဲ့နှစ်ထပ်ကွမ်း
စွမ်းအားတွေပါလာသလို စနေရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေပါ ပါဝင်လာပါတယ်။ ၈
ဂဏန်းစိုးမိုးသူတွေကတော့ ၈၊ ၁၇ နဲ့ ၂၆ မှာမွေးဖွားပါလိမ့်မယ်။
ဒဏ္ဏာရီမှာတော့ ခြေကျိုးလို့ အမည်တွင်ပြီး ကောင်းကင်မှာ ရေခဲဂြိုလ်လို့
မြင်နေရတဲ့ စနေစိုးမိုးသူ ၈ ဂဏန်းသမားတွေကျတော့ လျှို့ဝှက်တယ်။
အေးတိအေးစက်နိုင်တယ်။မြုံစိစိသမားတွေလည်းဖြစ်တယ်။
စိတ်ခံစားချက်အလွန်ကြီးမားသူတွေလည်း ဖြစ်ပါတယ်။
အဲဒီဂဏန်းသမားနှစ်ဦးမှာခင်ဗျားတို့ချစ်သူ၊မိတ်ဆွေတွေဖြစ်နေလို့ကတော့သိပ်မချောင်ပါဘူး။
သူတို့ကို အင်မတန်နားလည်ပေးရပါလိမ့်မယ်။ ဘုဂလန့်ကျတဲ့ ၄ ရယ်၊ အေးစက်စက် ၈
ရယ်ကြောင်း
ဆက်ဆံရေးဟာ မချောမွေ့နိုင်ပါဘူး။ သတိထားရပါလမ့်မယ်။
သူတို့ရဲ့ အများနဲ့ မတူတဲ့ စတိုင်တွေ၊ စကားလုံးတွေကြောင့် စိတ်ထဲ
ခိုးလို့ခုလုတော့ ဖြစ်ရမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် သူတို့မွေးဖွားရာ
ရာသီတွေက မကာရ၊ ကုံလိုမျိုးရာသီတွေသာဆိုရင်တော့ သူတို့ရဲ့ ထူးခြားတဲ့
စရိုက်တွေက ပိုပေါ်လွင်လာမှာပါ။
သူများတွေကို ပေါင်းသင်းဆက်ဆံရေးမှာ ဖုထစ်စေတဲ့ အဲဒီ ဂဏန်းနှစ်ခုဟာ
ဝဋ်တော့ပြန်လည်ပါတယ်။ ဘယ်လိုလည်လဲဆိုတော့ ၄နဲ့ ၈ သမားနှစ်ဦးစလုံးဟာ
လူပျိုကြီး၊ အပျိုကြီးတွေဖြစ်ရင် ဖြစ်၊ မဖြစ်လို့ကတော့
အိမ်ထောင်ကျနောက်ကျတော့တာပါပဲ။ သူတို့ရဲ့အိမ်ထောင်ဖက်ကတော့
မချိသွားဖြဲလေးဖြစ်နေမှာ မြင်ယောင်ပါသေးတယ်။ ဒါကတော့ ဂဏန်းသင်္ချာကိုသာ
တွက်ဆဟောကိန်းထုတ်တာဆိုတော့ ကွက်တိမှန်ချင်မှ မှန်မှာပါ။
ပျော်စရာလေးဖြစ်အောင်လည်း ရေးထားတာပါ။
                                                                           " သမင်လေး "

7 ဂဏန်းသမားများအကြောင်း



၂ ရဲ့စရိုက်တစ်ချို့ပါဝင်နေပေမယ့် သူနဲ့ သိပ်မတူတာက
နက်ပကျွန်းဂြိုလ်ပိုင် ၇ သမားပါ။ သူကပိုကြံ့ခိုင်ပါတယ်။ (ကြံ့ဖွတ်
မဟုတ်ပါ) အတွေးအခေါ်ကောင်းသူ၊ တီထွင်တတ်သူ၊ ထူးခြားဆန်းကြယ်တာဆို
ရှေ့ဆုံးကပါသူ၊ စာအရေးအသားကောင်းသူ၊
နိုင်ငံရပ်ခြားပင်လယ်ခရီးစိတ်ဝင်စားသူတွေဖြစ်တတ်ကြပါတယ်။ ၇သမားတွေဟာ
သူမတူတဲ့ စိတ်စွမ်းအားနဲ့ အတွေးမြင့်မားသူတွေလဲဖြစ်ပါတယ်။ ဆရာမင်းသိင်္ခဟာ
၂၅ ရက်မှာမွေး၊ ကရကဋ်ရာသီမှာဖွားပါတယ်။ သူ့စာတွေ အရေးအသားကောင်းမကောင်း၊
မြန်မာပြည်တစ်ဝှမ်းက သူ့စာဖတ်ပရိသတ်နဲ့ အကြိမ်ကြိမ်ပြန်ရိုက်နေရတဲ့
သူ့စာအုပ်တွေကြည့်ရင် သိသာမှာပါ။၂ ဆိုတဲ့ တင်္နလာဂြိုလ်စိုးမိုးသူနဲ့ ၇
ဆိုတဲ့ နက်ပကျွန်းစိုးမိုးသူတွေဟာ လမင်းနဲ့ ပင်လယ်ကို
ကိုယ်စားပြုနေပါတယ်။ နားအေးပါးအေးနေချင်သူ၊ မိသားစု သံယောဇဉ်ကြီးမားသူ၊
စိတ်ပေါက်လာရင် အသည်းအသန်အလုပ်လုပ်ပြီး ပြီးတာနဲ့ လုံးဝအနားယူတတ်သူ၊
အအေးဓတ်နဲ့ ပင်လယ်ကိုကြိုက်သူတွေဖြစ်တတ်ပါတယ်။
၂ သို့မဟုတ် ၇ ဂဏန်းသမားကောင်မလေးကို ရည်းစားစကားပြောချင်ရင်တော့ လဆန်း ၈
ရက်ကနေ လပြည့်နေ့အတွင်းမှာ သာပြောပေတော့၊ တရိပ်ရိပ်ပြည့်ဝလာတဲ့
လမင်းနဲ့အတူ သူမရဲ့ချစ်စိတ်တွေကလည်း ဒီရေအလား တဖြည်းဖြည်း
မြင့်တက်လာမှာမို့လို့ ခင်ဗျားအတွက် ကံကောင်းမှာပါ။ တကယ်လို့များ
အဆင်မပြေရင်တော့ ဗေဒင်ကို အပြစ်မတင်ပါနဲ့၊ ကိုယ့်ဖာသာညံ့လို့ ပဲ
မှတ်ပါ။

       အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော
မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။
အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း
အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍
အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။
အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင်
မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။

-မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..

-ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..


-မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..

-အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..

-မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)

-အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..

-အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..

-နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..


-အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..

-အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..

-မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

-မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..

-ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ

မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..

-မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့

လူတယောက်ပါ..မင်းဟာ

-ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..

-မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4
                                                                                                           " သမင်လေး "

၆ဂဏန်းသမားများအကြောင်း



မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။
သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ်
အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍
အချစ်မြဲသည်။ မိသားစု အသိုင်းအ၀ိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့်
ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ
အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော်
သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။
အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။

*အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..*

*မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ
မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
*

*မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..*


*မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....*

*ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..*

*ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..*


*မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..*

*တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..*

*မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့

ရင်းရင်းနှီးနှီးနေရတာကို*

*နှစ်သက်တဲ့သူတဦးပါ..*

*အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..*

*ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..

ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..*

*အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ

ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့..
4, 5!!!

ဗီးနပ်စ်ဆိုတဲ့သောကြာနတ်သမီးစိုးမိုးသူတွေပါပဲ။
စိတ်နှလုံးနူးညံ့တယ်။ အနုပညာခံစားသလိုတီထွင်ဖန်တီးနိုင်စွမ်းလဲရှိကြတယ်။
ဆွဲဆောင်အားကောင်းသလိုစန်းပွင့်တတ်ကြတယ်။
သူတပါးကိုအလွန်ကူညီတတ်သူတွေလဲဖြစ်ပါတယ်။ လူချစ်လူခင်ပေါများပြီး
အချစ်စိတ်ပြင်းပြပေမယ့် သူတို့ ချစ်ခင်သူတွေကို အသက်ပေးကာကွယ်တတ်တဲ့
ပြင်းထန်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိနေပါတယ်။ ဇိမ်ခံ ရတာ၊
အစားကောင်းကြိုက်တာကလည်း သူ့စရိုက်လေးမို့ ခွင့်လွှတ်ပေးကြပါ။
                                                                   " သမင်လေး "

၅ဂဏန်းသမားများအကြောင်း

    
    အခုက ငါးဂဏန်းသမား အကြောင်းပြောတာနော်။ ၅ဂဏန်းသမားဆိုတာ  ၅ ၊ ၁၄ ၊ ၂၃ ရက်တွေမှာ မွေးတဲ့သူကိုပြောတာပါ။
ဥပမာ - ၁၄ ဆိုရင် ၁+၄=၅ အဲ့လိုသတ်မှတ်တာပါ။ ကိုယ့်မွေးရက်ကိုပေါင်းပြီးတော့ ဘယ်ဂဏန်းလဲဆိုတာ သိနိုင်ပါတယ်။  ၅ဂဏန်းဆိုတာက ဂဏန်း ၉ လုံးမှာအလယ်ဂဏန်းပါ . 

၅ဂဏန်းသမားများ
          ငါးဂဏန်းသမားတွေဟာ ဉာဏ်ကောင်းပြီး၊ ဝီရိယနည်းသူတွေဖြစ်တယ်။ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မှုတွေ သိပ်နည်းပါတယ်။

နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှု နည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။

(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရှုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။
      (14)ဂဏန်းသမားတွေကျတော့ ထက်မြက်မှုရှိပြီး၊ အုပ်ချုပ်သူသြဇာအာဏာရှိသူများနဲ့ ရင်းနှီးကျွမ်းဝင် လွယ်တတ်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကူအညီနဲ့မိမိဘဝတက်လမ်းကို ရှာကြံနိုင်တတ် ကြတယ်။ တနင်္ဂနွေ(1)ဂဏန်း နဲ့ ယူရေးနပ်စ်ဂြိုဟ် (4)ဂဏန်းပေါင်းစပ်ထားတာကြောင့် ကျန်တဲ့ (5)ဂဏန်းတွေထက် ပိုမိုထက်မြက်ပြီး သြဇာ နဲနဲ ပေးချင်တဲ့ သူတွေဖြစ်တယ်။ ယူရေးနပ်စ်ဂြိုဟ်ပါနေတဲ့အတွက် သူတို့ဟာ လောကဓံတွေကို မကြာခဏကြုံရတတ်တယ်။ ရန်အတိုက်အခံပိုများတယ်။ ဒါပေမယ့် သူတို့ဟာ လူကောင်းလူဖြောင့်တွေဖြစ်ပြီး အပေါင်း အသင်းများအပေါ်မှာ အနစ်နာ ခံပြီးပေါင်းတတ်ကြတယ်။ ခင်မင်မိပြီဆိုရင် အစွမ်းကုန် ကူညီတတ်ကြလေ့ရှိသူများဖြစ်တယ်။ သူတို့ဟာ နောက်က Current of Destiny ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်
        *နံပါတ် (၅)*
<

>

*မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..*

*မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..*

*ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

*

*တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
*

*ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
*

*မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..*


*တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..*

*ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...*

*မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..

သတိထားရမယ်အချက်ကတော့*

*မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...*

*မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..



*ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...*

*အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..*

*မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...*

*မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

         အင်္ဂလိပ်လ ဘယ်လမဆို (၅)ရက် ၊(၁၄)ရက် ၊ (၂၃)ရက် ၊ တစ်ရက်ရက်မှာ မွေး ရင် ဂဏန်းဗေဒင် ပညာအရ (၅)ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ (၅)ဂဏန်း သမားရဲ့ မျက်နှာ သွင်ပြင်ကတော့ အစဉ်သဖြင့် ပြုံးရွှင် နေတတ်ပါတယ်။ စိတ်နေ စိတ်ထားကိုပြောရရင် အလွန် လှုပ်ရှားလွယ်တယ်။ ဘ၀ကို လျှောက်လှမ်းတဲ့ အခါ လောင်းကစားဆန်ဆန် လျှေက်လှမ်းတတ်ပါတယ်။ လောင်းကစားသမား လို့ ပြောတာ မဟုတ်ဘူးနော်။ စွန့်စားတာကို ပြောတာ။ အဆုံးအဖြတ် မြန်တယ်။ ဆင်းဆင်းရဲရဲ မနေရတတ်ဘူး။ လက်ဖျားမှာ ငွေသီးနေတဲ့ လူတွေဟာ များ သောအားဖြင့် (၅)ဂဏန်းသမားတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငွေလည်း မမြဲဘူး။

(၅)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရော၈ါကတော့ အကြောတက်တဲ့ ရောဂါနဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ပဲ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင် စာအုပ်မှာတော့ ဓာတ်စာတွေ အများကြီး ပြထားပါတယ်။ (၅)ဂဏန်းသမား အတွက် တကယ်စွမ်းတဲ့ ဓာတ်စာကတော့ မုန်လာဥပဲ။ မုန်လာဥကို များများ စားပေးပါ။ (၅)ဂဏန်းသမားနဲ့ အလွန်တည့်ပါတယ်။

သင့်မြတ်တဲ့ အရောင်ကတော့ အဖြူရောင်နဲ့ ထုံးကျောက်ရောင် လိုဟာမျိုးတွေ ဖြစ်ပါတယ်။

သင့်မြတ်တဲ့ ရတနာကတော့ စိန်နဲ့ ပလက်တီနမ် ဖြစ်တယ်။

(၅)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိရင် ဘယ်လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက်တွေမှာ လုပ်သင့်ပါတယ်။ အကျိုးပေးပါတယ်။

၅ရက်၊ ၁၄ရက်၊ ၂၃ရက် မှာမွေးတဲ့သူတွေကတော့ နေရာတကာစပ်စပ်နဲ့ပါနေတဲ့ ဂျိုကာလိုပါပဲ။
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပါတယ်။ အသိဥာဏ်ကြွယ်ဝတာ၊ သွက်လက်ချက်ချာတာ၊
ပရိယာယ်ကြွယ်ဝတာ၊ ပျော်ပျော်နေတာ၊ စကားများတာ၊
စာရေးသားကောင်းတာ၊ရောက်ရာမှာတွေ့တဲ့သူနဲတည့်အောင်ပေါင်းတတ်တာ၊
ဖင်မငြိမ်တာတွေနဲ့ ငွေရှာကောင်းတာတွေကတော့ ၅ သမားရဲ့သင်္ကေတတွေပါပဲ၊
ITနည်းပညာရပ်ကြီးကိုကိုယ်စားပြုထားသလို ကုန်သည်ပွဲစား၊
သိပံ္ပပညာ၊ဗေဒင်ပညာ၊ဆေးပညာတွေနဲ့လည်း ဆက်သွယ်ထားပါတယ်။
လက်သန်းလေးတွေကောက်ကွေ့မယ်။ လက်သန်းအောက်က ဗုဒ္ဓဟူးဂြိုဟ်ခုံလည်း
အားနည်းညံ့ဖျင်းမယ်၊ ပြီးတော့ ၅ ဂဏန်းသမားလည်းဖြစ်ရင်တော့
သတိထားသာပေါင်းပေတော့။ စကားအင်မတန်လှအောင်ပြောတတ်သူ၊
ပုံပြောကောင်းသူကြီးတွေ၊ လူလိမ်တွေ၊ ကလိန်ကကျစ်ကျသူတွေ၊
ဂျင်ပေါ်ကထုံးတွေဖြစ်တတ်လို့ပါပဲ။ အင်မတန်တော်တဲ့ မျက်လှည့်ပညာရှင်တွေလည်း
ဖြစ်တတ်ပါတယ်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။
အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊
တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။
အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏
တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက်
အရွယ်၊ ၀န်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။
ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်
ဆန်သော နှလုံးသားဖြစ်သည်။
                                                                   " သမင်လေး "

၎ဂဏန်းသမားများအကြောင်း -



         
ကိုယ်မြတ်နိုးတဲ့ ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေဟာ ၄၊ ၁၃၊၂၂ ရက်လို
ယူရေးနပ်စ် စိုးမိုးတဲ့ ဂဏန်းတွေမှာ မွေးဖွားခဲ့ရင်နားလည်ရခက်မယ်။
အစဉ်အလာတွေကို ဂရုမစိုက်သူဖြစ်တယ်။ခေါင်းကလည်းမာတယ်။ထူးဆန်းတာတွေလည်း
ဖောက်ထွက်လုပ်ကိုင်နိုင်သူဖြစ်တယ်။ တော်လှန်ပုန်ကန်တတ်သူဖြစ်တယ်။
အပြောင်းအလဲကို ခုံမင်သူဖြစ်တယ်။ တခါတရံ ကြောင်တယ်လို့ အပြောခံရတဲ့
အထိပါပဲ။

-မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..


-အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..

-အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..

-အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ

အဝေးကို ပြေးသွားတက်ကြပါတယ်..

-မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး

နားလည်နေပြန်ေ၇ာ့.....

-အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..

-အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..

-မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို

ပြေးသွားတက်ကြပါတယ်..*

-အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..

လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..

-မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..


-မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..

-မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..

-ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ

ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..

-အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..

-ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..

-အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ

-ထွန်းပေါက်နိုင်ပါတယ်..

-မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..

-အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
-မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!

       မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ဂဏန်းသမားများ
ဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့်
နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက်
နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ
ဘ၀မြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။
စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော
နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား
အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။
ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့
အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။       
                      
(4)ဂဏန်းသမားတွေဟာ လူ့ဘောင်လူ့လောကထဲမှာ တော်တော်ထင်ပေါ်မှု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကောင်းချင်လည်းကောင်းမယ် ဆိုးချင်လည်းဆိုမယ်။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားမှု ရှိတတ်ကြတယ်။ (4)ဂဏန်းသမား တွေဟာ မိမိမွေးရပ်ဟာ ဇနပုဒ်ဖြစ်ခဲ့ရင် ကြီးပွားတိုးတက်လေ့ မရှိကြဘူး။ မြို့ကြီးပြကြီး၊ နိုင်ငံရပ်ခြားများမှာ ပိုပြီး ကြီးပွားတတ် ကြတယ်။ (4)ဂဏန်းသမားများရဲ့ ဝိသေသ လက္ခဏာတွေကတော့ -

-ပတ်ဝန်းကျင်နဲ့ သိပ်အဆင်မပြေတတ်ဘူး။ ဘုကျတယ်။ ဘေးကျတယ်။ အလိုက်မသိတတ်ဘူး။ မယဉ်ကျေးဘူး။ စကားများတယ်၊ တစ်ကိုယ်ကောင်း ဆန်တယ်။ ပြောရဆိုရ အလွန်ခွကျတယ်လို့ အသတ်မှတ်ခံရ တတ်တယ်။

-မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ယုံကြည်မှု နည်းပြီး လက်တွေ့ကျသူများဖြစ်တယ်။ အစဉ်အလာတစ်ခုကို ဖျက်သိမ်းပြီး စနစ်သစ်တည်ထောင်တဲ့နေရာမှာ စံပြဖြစ်တဲ့ သူတွေဟာ (4)ဂဏန်း သမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန် နိုင်ငံကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်ခဲ့တဲ့ “ဂျော့ဝါရှင်တန်” ဟာဆိုရင် (4)ဂဏန်း သမားပါ။ ဆိုဗီယက်ယူနီယံကြီးကို တည်ထောင်ခဲ့တဲ့ “လီနင်” ဟာလည်း (4)ဂဏန်းသမားပါ။ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း (4) ဂဏန်းသမားပါ။

-များသောအားဖြင့် အိမ်ထောင်ရေး အဆင်မပြေတတ်ကျဘူး။ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ လုံးဝစိတ်တိုင်းမကျ တတ်ကြဘူး။ တစ်ချို့ (4)ဂဏန်းသမား တွေဟာ လူပျိုကြီး၊ အပျိုကြီးဖြစ်နေတတ်တယ်။

- ပုံမှန် အသက်ပိုင်းမှာ အိမ်ထောင်မကျတတ်ဘဲ အိမ်ထောင်ကျ အလွန်စောတာ ၊ အလွန်နောက်ကျတာမျိုး ဖြစ်တတ်တယ်။

- အချစ်ရေး၊ အိမ်ထောင်ရေး၊ လိင်ကိစ္စတွေ အရှုတ်အထွေးများတတ်တယ်။ အိမ်ထောင်မကျခင်လည်းရှုတ်၊ အိမ်ထောင်ကျပြီးလည်းရှုတ် တတ်တာ များတယ်။ (အထူးသဖြင့် ယောင်္ကျားလေးတွေပါ)။ မိန်းကလေးလည်း မပါဘူးလို့ မထင်နဲ့နော်။

- (4)ဂဏန်း မိန်းကလေးများကျတော့ အိမ်ထောင်ကျရင် “လင်ဆိုး” တွေနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ “လင်ဆိုး မယား တဖားဖား” ဆိုတာ (4) ဂဏန်းသမား မိန်းကလေးတွေကို ဆိုလိုချင်တာထင်ပါတယ်။ (4)ဂဏန်းမွေး အိမ်ထောင်ရေးကံ ကောင်းတဲ့ မိန်းကလေး အလွန်ရှားပါတယ်။ မရှိဘူး လို့တော့ ပြောတာမဟုတ်ပါ။ (31) ရက်ဖွား မိန်းကလေး ဆိုရင် နဲနဲ သက်သာပါမယ်။

- အလွန် သိလွယ်တတ်လွယ်တယ် ။ တစ်ထွာပြရင် တစ်တောင်မြင်တတ်တယ်။ ဉာဏ်ကောင်းတယ်။ တီထွင်ဖန်တီးဉာဏ် အလွန်ရှိတယ်။ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေကို တော်လှန် ချင်စိတ်များတတ်တယ်။

- အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အလုပ်ခဏခဏ ပြောင်းချင်ကြတယ်။ ကိုယ်က မပြောင်းချင် ရင်လည်း ကံတရားက ပြောင်းပေးတတ်တယ်။

-ဘဝကံဇာတာ အနိမ့်အမြင့် အတက်အကျ အလွန်များတတ်တယ်။ ကောင်းလာပြီဆိုရင်လည်း သိပ်ဘဝင်မမြင့်နဲ့၊ မကြာခင် ပြုတ်ကျတတ်တယ်။ ဆိုးနေပြီဆိုရင်လည်း သိပ်စိတ်ဓာတ်မကျနဲ့ မကြာခင်ပြန်တတ်လာတတ်တယ်။

- ကောင်းပြီဆိုရင်လည်း လျှမ်းလျှမ်းတောက်အောင် ကောင်းတတ်ပြီး ဆိုးပြီးဆိုရင်လည်း စုတ်ပြတ်သတ်နေအောင် ဆိုးတတ်တယ်။ အထူးသဖြင့် (4)ရက်ဖွား နဲ့ (22)ရက်ဖွား (4)ဂဏန်းသမားတွေမှာ အများဆုံးဖြစ်တတ်တယ်။ (13)ရက် နဲ့ (31)ရက်ဖွားတွေက နဲနဲ တော်သေးတယ် ပြောရမှာပေါ့။ သူတို့အဆိုးက (4) နဲ့ (22)လောက် မပြင်းထန်တတ်ပါဘူး။

 -(4)ဂဏန်းသမား (အထူးသဖြင့် ယောင်္ကျားလေးတွေ) ဟာ အိမ်မကပ်တဲ့သူတွေ၊ အိမ်မှာမပျော်ဘဲ အပြင်မှာသာ အပျော်များသူတွေ ဖြစ်တတ်ကြတယ်။ မိသားစုအပေါ်မှာ ချစ်ခင်တွယ်တာစိတ် နည်းတတ်တယ်။ ခရီးအလွန် သွားတတ် ကြတယ်။ ခြေစင်္ကြာအမြဲဖြန့်နေတတ်ကြတယ်။ (31)ရက်ဖွား တစ်ခုသာ နဲနဲခြေငြိမ်တယ် ဆိုရမယ်။

- (4)ဂဏန်းသမားတွေထဲမှာ ကိုယ်ကျိုးအစွန့်လွှတ်ဆုံး၊ အမြင့်မြတ်ဆုံး သူတွေကို တွေ့ရသလို၊ ကိုယ်ကျိုးအတ္တ အလွန် ကြီးတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။

- ခေတ်ပေါ်လုပ်ငန်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ်၊ သုတေသန လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်တယ်။ ခရီးသွားလုပ်ငန်း၊ ကိုယ်စားလှယ် လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်း၊ သတင်း ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ အကျိုးပေး တတ်မယ်။

- ကိုယ့်ဘဝမှာ ကြုံလာရတဲ့ အဆိုးတရားတွေဟာ ကံတရားထက်စာရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာမျိုး ဖြစ်တတ်တယ်။ ဘယ်သူမပြု မိမိမှု ဆိုတာမျိုးပေါ့။ (4)ဂဏန်း သမားတွေဟာ ကိုယ့်ပြဿနာကိုယ်ရှာ တတ်ကြတဲ့ သူမျိုးတွေဖြစ်တတ်တယ်။

- အသုံးအဖြုန်းကြီးတတ်တယ်။ ငွေကို နှမြောတွန့်တိုမှု မရှိတတ်ကြဘူး။ လွယ်လွယ်ရရင် လွယ်လွယ်သုံးတယ်။ ပိုက်ဆံ မရှိတော့ရင် ရေသောက် ဗိုက်မှောက် နေတတ်မယ်။

- သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း မနေတတ်ကြဘူး။ (4) ဂဏန်းသမားဆိုရင် ဘိုသီဘတ်သီ သမားက ပိုများတယ်။ ဖြစ်သလို နေတတ်တယ်။ စည်းကမ်း မရှိတတ်ကြဘူး။

- ဘယ်တော့မှ နောင်တတရား မရတတ်ကြဘူး။ အမှားကို ဝန်ခံလေ့မရှိကြဘူး။ သေတဲ့ထိအောင် မာန် မလျှော့တတ်ကြဘူး။

- ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးတတ်ကြတယ်။ ပါးစပ်ကသာဖွင့်မပြောပေမယ့် စိတ်ထဲမှာ သူများထက်ကိုယ်က ပိုတော်တယ်၊ တတ်တယ် လို့ ယူဆ ထားတတ်ကြတယ်။ အထူးသဖြင့် (22)ရက်ဖွား နဲ့ (31)ရက်ဖွားတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမှု ပိုများတတ်တယ်။ (များသောအားဖြင့် တကယ်လည်း တော်ကြတာ များပါတယ်)။ (4)ဂဏန်းသမားမှန်ရင် ပါရမီထူး တစ်ခုခုတော့ ရှိတတ် ကြပါတယ်။

- (4) ဂဏန်း သမားမှန်ရင် နိမ့်မြင့် တက်ကျလောကဓံ ရှိကြတာချည်းပါဘဲ။ ဒါပေမယ့် အားလုံးထဲမှာ (13)ရက်နဲ့ (31)ရက်ဖွားတွေက လောကဓံနည်းတတ်ပြီး၊ (4)ရက် နဲ့ (22)ရက် ဖွားတွေကတော့ (နိမ့်မြင့်တက်ကျ) လောကဓံတရား အလွန်များတတ်တယ်။

- (4)ဂဏန်းသမားတွေရဲ့ လောကဓံတရား ခံနိုင်ရည်ကတော့ ကျန်တဲ့ မွေးဂဏန်းသမားတွေနဲ့ယှဉ်ရင် အမြင့်ဆုံး လို့ ဆိုရမှာပါဘဲ။ (4)ဂဏန်းသမား ကိုယ့်ကိုယ်ကို သတ်သေတာ အလွန်ရှားပါတယ်။ သူများတွေကသာ သူတို့ဒုက္ခရောက်တာကို စုတ်တသတ်သတ်ဖြစ်ချင်ဖြစ်နေမယ်။ သူတို့ကတော့ “အေးဆေးပါဘဲ”။
                                              " သမင်လေး "

၃ဂဏန်းသမားများအကြောင်း -


   
     ၃.၁၂.၂၁.၃၀ ရက်ဆိုတဲ့ ကြာသပေတေးစိုးမိုးရာ
ဒီဂဏန်းသမားတွေကျတော့ရာထူးကြီး၊ ဌာနကြီးတွေမှာ အုပ်စိုးနိုင်သူတွေ၊
စည်းကမ်းတိကျသူတွေအဖြစ်တွေ့ရတတ်ပါတယ်။
ဘာသာရေး၊အတွေးခေါ်လိုက်စားသူ၊ဘ၀ကိုရည်မှန်းချက်ကြီးစွာ
ထားသူတွေလဲဖြစ်ပါတယ်။ သြဇာပေးနိုင်သူ၊ အကြီးအကဲနေရာမျိုးလည်း ရောက်ရှိတတ်ကြပါတယ်။
၃ ဂဏန်းသမားပီသလာရင် သူ့လက်ညိုးဟာဖြောင့်တန်းအားကောင်းပါတယ်။
လက်ညိုးအောက်ကကြာသပတေးဂြိုလ်ခုံကလဲပြည့်ဖြိုးနေတတ်ပါတယ်။ထိပ်တန်းက
ဒိတ်ဒိတ်ကြဲသူတွေဖြစ်တတ်ကြပါတယ်။

-နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို

ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

-တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..

-ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..

-မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ

တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့်
ရနိုင်နေတာပေါ့..

-မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..

မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....

-အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..

ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း

-မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ

အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..


-မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...


-ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..


-မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...


-မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..


-မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက

ကြာရှည်မခံပါဘူး..

-ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..

-မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..


မင်းဟာ နပန်းလုံးနေရတက်တယ်...

-မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို
စောင့်ရှောက်တယ်..


-သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ

စံပြတယောက်ဖြစ်နေပါလိမ့်မယ်..

-တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ

နဲ့ ပြည့်နေမှာပါ..

-မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..

ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ

-ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...
-မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1,

3, 5!!!
   
            မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမား
များဟုခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား
တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ
ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည်
ခွင့်လွှတ်သောသူ၊ အနိုင်ယူ ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို
ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။
နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို
အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ်
ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။

၂ ဂဏန်းသမားများအကြောင်း -



 အလန်းဆုံးသူတွေကိုပြပါဆိုရင် ၂.၁၁.၂၀.၂၉
ရက်မွေးသူတွေ၊ ၇.၁၆.၂၅ရက်နေ့မွေးသူတွေကို ညွှန်းရပါလိမ့်မယ်။ စိတ်ကူးယဉ်၊
ခံစားချက်ကြီး၊ ဖီလင်သမားတွေဖြစ်ကြပါတယ်။ ဂဏှာမငြိမ်တာ၊ အသွားအလာများတာ၊
စိတ်ဓာတ်တက်ကျလွယ်တာတွေကတော့ သူ့အားနည်းချက်မို့လို့ ခွင့်လွှတ်ရမှာပါပဲ။
နူးညံ့သိမ်မွေ့လွန်းတော့ ဆရာအကြည်တော်စကားနဲ့ ပြောရရင်
နုဖက်ဥအက်နေသူတွေလို့ ဆိုရမယ်။ ၂ ဂဏန်းသမားလဲဖြစ်၊
ရေရာသီတစ်ခုခုမှာလဲမွေးမယ်။ နောက်ပြီး လက်ဖနောင့်ဝန်းကျင်က
တင်္နလာဂြိုလ်ခုံမှာ အားနည်းချက်ရှိမယ် ဆိုရင်တော့
စိတ်ပိုင်းဆိုင်ရာပြသာနာတစ်ခုခုရှိတတ်ပါတယ်။ စေတနာထားတာ၊စိတ်နူးညံ့တာ၊
ပြုပြင်ပြောင်းလဲလွယ်တာတွေကတော့ ဒီဂဏန်းရဲ့ အားသာချက်ပါ။ အနုပညာရပ်နဲ့
ပက်သက်ရင်ခံစားတတ်ပေမယ့် လက်တွေ့အားသွန်ခွန်စိုက်လုပ်ဖို့တော့
မတတ်နိုင်ကြပါဘူး။

-မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..


-ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..

-ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...


-မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...

-မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး
မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..


-တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို

-ညက်ညောပြေပြစ်တယ်.

-မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို

ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..

-မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း

ဖြစ်နိုင်ပါတယ်

(ကျွန်တော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...

-အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..


-တစ်ခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.

-မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...

-မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင်

အဲဒီအတိုင်းပဲ

-မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..

-မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ
တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

-မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ

ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.

-မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့
ဝန်မလေးတဲ့သူတစ်ဦးပါ...

-မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို

ခံစားနားလည်ပေးနိုင်တယ်..

လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

-မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5,
9..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲရင်းပါတယ် . . . .

-          အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက်
ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို
ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။
မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။
ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊
လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ
ပိုင်ဆိုင်ခွင့်ရှိမည်။

၁ ဂဏန်းသမားများ အကြောင်း

၁။ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု
ခေါ်သည်။ ၁ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည်
မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုးအတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘ၀အဖေါ်
ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲ
ခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်
ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့်
ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။
နေမင်းရဲ့တမန်တော်ဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ ဦးဆောင်နိုင်စွမ်းရှိတယ်။
တက်ကြွလှုပ်ရှားတယ်။ တီထွင်ဖန်တီးဆန်းသစ်နိုင်တယ်။ သူတပါးကို
အင်မတန်ကူညီတတ်တယ်။ အုပ်ချုပ်မှုစွမ်းရည်လဲမြင့်မားကြတယ်။ သူတို့ဟာ
၁.၁၀.၁၉ နဲ့ ၂၈ ရက်တွေမှာ ဖွားမြင်သူတွေပေါ့။ ခေါင်းဆောင်ကောင်းတွေ၊
ထိပ်တန်းကလူတွေ၊ဖြစ်တတ်ကြပါတယ်။ ဥပမာပြောရရင် ဆိုက်ကားနင်းရင်တောင်
ဂိတ်မှုးလောက်တော့ အသာလေးဖြစ်တတ်သူတွေပါပဲ။ တခါတရံ
မာနကြီးတာ၊ခေါင်းမာတာကတော့ သူ့စရိုက်မို့လို့ခွင့်လွှတ်ပေးရမှာပါ။
ဒီဂဏန်းတွဲတွေထဲမှာမှ တစ်ရဲ့စွမ်းအားကို အပြည့်အ၀ပေးထားတာ ၁၉ ပါ။
တားရော့ကတ်မှာ The Sun ကတ်ပြားကို ကိုယ်စားပြုပါတယ်။
နေမင်းရဲ့သားတော်လို့လဲ တင်စားကြပါတယ်။ ကျနော်တို့ဆီမှာ အဲဒီ ၁၉
ရက်နေ့မွေးတဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးကြီးတစ်ဦးရှိပါတယ်။
သူမရဲ့မွေးရက်ပေါင်းခြင်း တစ်နဲ့ အခု၂၀၀၈ ပေါင်းခြင်း တစ်ရချိန်မှာ
သူမအတွက် ထူးခြားတဲ့ အောင်မြင်မှုတွေရရှိမယ်လို့ ခန့်မှန်းမိပါတယ်။
သူမဘယ်သူဆိုတာ ..အားလုံးခန့်မှန်းနိုင်မှာပါ။ သူ့ကိုတော့ ကျွန်တော်က
နေမင်းရဲ့ သမီးတော်လို့ ဦးညွှတ်တင်စားထားပါတယ်။

-မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

-ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို
ဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

-ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..



-လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

-မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..

ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..

-အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..

-အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..


-မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..


မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ
ဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို*


-မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..

-ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...*


-ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို
ပိုင်ဆိုင်ပြီ..

-ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..

ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..


-မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7.