ဒီဆော့ဖ်ဝဲလေး ကတော့ တော်တော်မိုက်ပါတယ်။ မိမိရဲ့ Desktop Screen မှာ ယင်ကောင်တွေ သွားနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီ ယင်ကောင်တွေကို ပျောက်စေဖို့က အရမ်းလွယ်ပါတယ်။ မိမိပျောက်စေချင်တဲ့ ယင်ကောင် ပေါ်ကို Left - Click နှစ်ချက်နှိပ် လိုက်တာနဲ့ ယင်ကောင် ပျောက်သွားမှာဖြစ်ပါတယ်။ ယင်ကောင် အကုန်လုံးကို ပျောက်စေ ချင်ရင်တော့ ယင်ကောင်အားလုံးကို Left - Click နှစ်ချက်စီ လိုက်နှိပ်ပေးလိုက်ပါ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် နည်းနည်းတော့ ရွံဖို့ကောင်းပါတယ်။ ဒါပေမယ့်လည်း ပျင်းနေတဲ့ အခါတို့ ၊ အပျော်တမ်း သုံးမယ် ဆိုရင်တော့ မိုက်ပါတယ်။ Desktop မျက်နှာပြင် ရှင်းရှင်းလင်းလင်းကြီးကို မကြိုက်တဲ့ သူတွေအတွက် ယင်ကောင်လေးတွေ မိမိရဲ့ Desktop Screen မှာသွားလာ လှုပ်ရှားနေမှာဖြစ်ပါတယ်။ အဲဒီ ယင်ကောင်လေး တွေက မိမိဂိမ်းကစားလည်း ပေါ်နေမှာဖြစ်သလို ၊ မိမိအင်တာနက်သုံးရင်လည်း ယင်ကောင်လေးတွေ ကိုမြင်ရမှာဖြစ်ပါတယ် ။ ဒီဆော့ဖ်ဝဲ အကြောင်းလေး ကို သမင်လေးရဲ့ သူငယ်ချင်း Peter Pan ဆီက သိလို့ အခုလို တင်ပေးလိုက်တာပါ ။ ဆော့ဖ်ဝဲလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကြိုက်တဲ့ Link လေးကနေ Download ဆွဲလို့ရပါတယ် ။
Download From mediafire
Dowlnoad From ziddu
0 comments:
Post a Comment