မေး ။ ဖုန်းတွေမှာပါဝင်တဲ့ CPU ဆိုတဲ့ စနစ်မှာ 800MHz, 600MHz , 1GHz , Dual Core အစရှိပြီးပါဝင်နေတာကိုတွေ့ရပါတယ်။ အဲဒါ CPU ရဲ့နှုန်းတွေလို့ဆိုင်တွေကတော့ပြောပါတယ်။ CPU ကွာခြားတာကိုလိုက်ပြီး ဖုန်းမှာဘာတွေကွဲပြားခြားနားပါသလဲ။
ဖြေ ။ ဖုန်းတွေထဲမှာပါတဲ့ CPU ဆိုတဲ့စနစ်မှာ 800MHz, 600MHz , 1GHz , Dual Core အစရှိသဖြင့်ကွာခြားမှုတွေရှိတယ်ဆိုတာဟုတ်ပါတယ်။ CPU ရဲ့ လုပ်ဆောင်နိုင်စွမ်းနှုန်းတွေကိုလိုက်ပြီးတော့ ဖုန်းတွေမှာလုပ်ဆောင်ချက်တွေကွဲပြားခြားနားမှုရှိပါတယ်။ အဲဒါတွေကတော့ ပုံမှန်အခြေအနေမျိုးဆိုမှာဆိုရင် ဖုန်းတွင်းလုပ်ဆောင်ချက်စနစ်ပိုင်းတွေနဲ့ဖုန်းရဲ့ Touch Screen ဆိုရင် Touch စနစ်ပိုင်းတွေရဲ့လှုပ်ရှားမှုပေါ့ပါးမှု၊ လေးကန်မှုတွေကွာခြားပါတယ်။ CPU မြင့်ရင်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေအရမ်းကို မြန်ဆန်ကောင်းမွန်ချောမွေ့တာကိုတွေ့ရမှာပါ။ ဒါ့အပြင် ဖုန်းရဲ့လုပ်ဆောင်နိုင်စွမ်းတွေမှာလည်း ကွာခြားပါတယ်။ စနစ်တစ်ခုကနေ တခြားတစ်ခုကိုထပ်ပြောင်းအသုံးပြုတဲ့အခါပဲဖြစ်ဖြစ် စနစ်နှစ်ခုကို တစ်ပြိုင်နက်အသုံးပြုတဲ့ Multitasking စနစ်မျိုးမှာပဲဖြစ်ဖြစ် CPU မြင့်ရင် မြန်ဆန်ပေါ့ပါးပြီး CPU နိမ့်ရင်တော့ ဒီလိုစနစ်မျိုးတွေမှာ လေးကန်နေတာမျိုးတွေနဲ့မနိုင်တဲ့အခါမှာ စက် Hang ဖြစ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာထည့်သွင်းအသုံးပြုတဲ့ Software တွေနဲ့ ဂိမ်းတွေအစရှိတဲ့ Application တွေကိုအသုံးပြုတဲ့အခါမှာလည်း CPU မနိုင်တဲ့ ဂိမ်းတွေနဲ့ CPU မနိုင်တဲ့ဆော့ဖ်ဝဲတွေဆိုရင် ဖုန်းကထောက်ပံ့မပေးတော့ဘဲ အသုံးပြုရခက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်။
0 comments:
Post a Comment