Phone System ( အကြမ်းဖျင်း )
Galaxy S lll မှာ 720p resolution ( 1280 x 720 pixels ) နဲ့ဖော်ပြပေးနိုင်တဲ့ ၄.၈ လက်မအရွယ် HD Super AMOLED display အပြင် HSPA+ ချိတ်ဆက်မှု၊ 8 Megapixel ကင်မရာ၊ ဖယ်ရှားနိုင်တဲ့ 2,100mAh ဘက်ထရီနဲ့ Qual-core Exynos ပရိုဆက်ဆာတို့ကို အသုံးပြုထားပါတယ်။ Opreating system အနေနဲ့ Android Ice Cream Sandwich ကိုအသုံးပြုထားပြီး အရောင်အနေနဲ့ အဖြူနဲ့ အပြာရောင်တို့ကိုထုတ်လုပ်ထားပါတယ်.။
ဖုန်းမျက်နှာပြင် ( Display )
၎.၈အရွယ် 720p ဟာစာလုံးများကိုကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်ပြီး
အရောင်များကိုလည်းတောက်ပစွာဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့အလေးချိန်ဟာ ၄.၇ အောင်စရှိပြီး Galaxy s ll ထက် ၀.၆ အောင်စပိုမိုလေးလံကာ HTC One X ထက် ၀.၁ အောင်စပိုလေးပါတယ်။ ဒါပေမယ့် ပါးလွှာမှုမှာတော့ HTC One X ဟာ ၀.၃၅ လက်မရှိပြီး Galaxy S lll ကတော့ ၀.၃ လက်မသာရှိပါတယ်။
Phone Battery ( ဘက်ထရီ )
ဘက်ထရီအနေနဲ့ ဖယ်ရှားပြီးသုံးနိုင်တဲ့ 2,100 mAh ကိုအသုံးပြုထားပြီး သိုလှောင်မှုအနေနဲ့ 16GB , 32 GB , 64 GB တို့ဖြင့်ရရှိနိုင်ကာ အပိုဆောင်းသိုလှောင်မှုအနေနဲ့ Micro SD Card slot ကနေတစ်ဆင့်နောက်ထပ် 64 GB အထိတိုးမြှင့်အသုံးပြုနိုင်ပါတယ်. ။
Phone Camera ( ကင်မရာစနစ် )
ကင်မရာနေနဲ့ Galaxy S ll မှာပါဝင်သလိုပဲ 8 megapixel ကင်မရာကို တပ်ဆင်အသုံးပြုထားပါတယ်။ Zero Shutter Lag Feature နဲ့ Select Your Best Shot Feature တို့ဖြင့် အသုံးပြုနိုင်ပြီး ယင်းဟာရိုက်ထားတဲ့ ဓာတ်ပုံများစွာအနက်မှ အကောင်းဆုံးဓာတ်ပုံကို စမတ်ဖုန်းက အလိုအလျောက်ခန့်မှန်းပေးခြင်း ဖြစ်ပါတယ် ။
ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း ဓာတ်ပုံမှာ ပါဝင်တဲ့သူများအပေါ်အခြေခံ ပြီး Contact Tagging , Automatic Photo Grouping စတဲ့ Feature တွေနဲ့ အသုံးပြုနိုင်ပါတယ် ။ Font facing 2 megapixel ကင်မရာမှာလည်း Face Detection ကိုအထောက်အပံ့ ပေးထားပါတယ်။
Phone Feature ( အခြားလုပ်ဆောင်နိုင်မှုများ )
အခြားအဆင့်မြှင့်တင်မှုများအနေနဲ့ Touch Wiz Ul ကို ပြောင်းလဲပြင်ဆင်ထားပြီး ဗီဒီယိုကြည့်ရင်း အင်တာနက်သုံးခြင်း ဒါမှမဟုတ် Message ပို့ခြင်းကဲ့သို့ သောအရာများကို ပြုလုပ်နိုင်မယ့် Pop - up Play Video Function ကိုလည်း ထည့်သွင်းပေးထားပါတယ် ။ S - Beam လို့ခေါ်တဲ့ Android Beam ( NFC Feature ) ကိုလည်း ထည့်သွင်းပေးထားပါပြီး အဲဒါဟာ WiFi Direct ကိုအသုံးပြုကာ အရွယ်အစားကြီးမားတဲ့ဖိုင်များ ကို လွှဲပြောင်းပေးနိုင်ပါတယ် ။ နောက်ပြီး Voice Control Feature ကလည်း Galaxy Note မှာ ပါဝင်တဲ့ Feature နဲ့တူညီပါတယ် ။
Phone ပရိုဆက်ဆာ ( ဖုန်းအတွင်းပိုင်း အမြန်နှုန်း )
Samsung Galaxy S lll ကို GSM 850 / 900 / 1800 / 1900 နဲ့အသုံးပြုနိုင်ပါတယ် ။ ပရိုဆက်ဆာ ကတော့ 1.4 GHz Qual- Core Cortex - A9 ဖြစ်ပါတယ် ။
" သမင်လေး "
0 comments:
Post a Comment