Phone Design ( အသွင်အပြင် )
သင့်တင့်တဲ့ ဈေးနှုန်းနဲ့ နည်းပညာ မြင့် ဖုန်းတစ်လုံးပါ ။ ပုံစုံဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ WildFire S နဲ့ အရွယ်အစား တူညီတာကို မြင်တွေ့ ရမှာ ပါ ။ ပါးပါးလျားလျား နဲ့ လှပတဲ့ ပုံစံဒီဇိုင်း ရှိတဲ့ဖုန်း ပဲဖြစ်ပါတယ် ။
Phone Connect ( ချိတ်ဆက်နိုင်မှု )
အသုံးပြုနိုင်မှုကွန်၇က်တွေ အနေနဲ့ ကတော့ GSM 2G , 3G ကွန်၇က် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မယ့် 3G ဖုန်းအမျိုးအစားတစ်ခုပါ ။ 2G စနစ်အတွက် GSM 850 / 900 / 1800 / 1900 ကွန်၇က်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး 3G အတွက်တော့  HSDPA 900 / 1900 / 2100 ကွန်ရက်တွေ မှာ ချိတ်ဆက် အသုံးပြုနိုင်မှာပါ ။
Phone Processor ( အမြန်နှုန်း )
ဒီဖုန်းကတော့ Android OS စနစ်သုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး Version 2.3 ကိုအသုံးပြုပေးထား ပါတယ် ။ ဖုန်းရဲ့ လုပ်ဆောင်ချက် တွေအတွက်တော့  600 MHz ARM 11 CPU ကိုတပ်ဆင်ပေးထားပါတယ် ။
Phone Display ( မျက်နှာပြင် )
Touch Screen ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Capacitive Touch Screen အမျိုးအစား ကိုအသုံး ပြုထားပေးတဲ့အတွက် Touch စနစ်ပိုင်းတွေ မှာလည်း ချောမွေ့ကောင်းမွန်ပါတယ် ။ Screen အရွယ်အစားကတော့  3. 2 လက်မရှိပြီးတော့  Resolution ပိုင်းမှာလည်း အဆင်ပြေတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ် ။
Phone Memory ( မှတ်ဥာဏ်စနစ် )
ဖုန်းတွင်းမှတ်ဥာဏ် စနစ်အပိုင်းအတွက်တော့ Internal Memory 512 MB ROM , 512 MB RAM စနစ်တွေပါဝင်ပြီး User Avaiable Memory 412 MB ပါဝင်ပါတယ် ။ ဖုန်းတွင်း မှတ်ဥာဏ်စနစ်ပိုင်း အတွက်တော့ အကောင်းမွန်ဆုံး မဟုတ်ပေမယ့် သင့်တင့်တယ်လို့ ပြောရမှာပါ ။ နောက်ထပ် မှတ်ဥာဏ်ထပ် အသုံးပြုနိုင် ဖို့အတွက်တော့ Micro SD card ကိုအသုံးပြုနိုင်မှာ ဖြစ်ပြီး 32 GB ထိထပ် တိုး အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ် ။ ဖုန်းထဲမှာလည်း 2GB ပါဝင်ပါသေးတယ် ။
Phone Camera ( ကင်မရာ )
ကင်မရာ စနစ်အတွက်တော့ 5 Megapixel ရှိတဲ့ ကင်မရာကို အသုံးပြုထားပြီး အသုံးပြုနိုင်မယ့် ကင်မရာ စနစ်တွေ ကတော့ LED Flash , Autofocus , Check Quality , Geo-tagging , Face detection အစရှိတဲ့  စနစ်တွေကို အသုံး ပြုနိုင်မယ်လို့  ဆိုထားပါတယ် ။
Phone Features ( အခြားလုပ်ဆောင်နိုင်မှုများ )
တခြားမိုဘိုင်းဖုန်း အသုံးပြု အင်တာနက်စနစ်တွေကတော့ EDGE , GPRS , HSDPA , HSUPA စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး Wireless Internet ချိတ်ဆက်အသုံးပြုနိုင်ဖို့ အတွက်လည်း WiFi စနစ်ပါဝင်ပါတယ် ။ အခြား ချိတ်ဆက်ခြင်းတွေက တော့ Bluetooth 3.0 With A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်ပါတယ် ။ Music နဲ့ Multimedia စနစ်အပိုင်းတွေ အတွက်တော့ SNS integration , Google Search , Maps , Gmail , Youtube , Google talk , Picasa integration , MP3 , MP4 , Organizer , Voice Memo , Predictive Text Input အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
" သမင်လေး "
0 comments:
Post a Comment