Thursday, June 7, 2012

သွေးဗေဒင် ( 1 )


A= စိတ်လှုပ်ရှားလွယ်၊    စိတ်ထိခိုက်လွယ်သူများ     ဖြစ်ကြပြီး၊     ဝေဖန်ခံနိုင်စွမ်းရည် အားနည်းကြသည်။ အချစ်ရေးနှင့်     ပတ်သက်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြသည်။    တစ်ဦးဆိုတစ်ဦး စွဲစွဲ လန်းလန်း   ဖြစ်တတ်ကြပြီး       ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပိုရွေ့ ခံစားရတတ်သည်။


B =       မိမိတို့နေတတ်သလို စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူ တတ်ကြသည်။     အချုပ်အချယ်မခံလိုဘဲ လွတ်လပ်စွာ     နေလိုစိတ်ပြင်းပြကြသလို ဖန်တီးနိုင်စွမ်း၊     တီထွင်နိုင်စွမ်း ရှိကြသည်။     အချစ်ရေးနှင့် ပတ်သက်ပြီး ရံဖန်ရံခါ    အချစ်ကို ပေါ့ပေါ့ ဆဆ  သဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်၊       ဦးစားပေးတတ်ရွေ့ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။

O = လွန်စွာ   ပြင်းထန်သော၊တိကျသော၊ပြတ်သားသော    သူများ ဖြစ်ကြပြီး၊    ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ   လုပ်ဆောင်တတ်ကြသလို ..       အားသွန်ခွန်စိုက် ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့် ပတ်သက်ပြီး     မိမိကိုယ်ကိုမိမိ အချစ်ကြီးသည်၊      အစွဲအလန်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက်   မဟုတ်ပဲ     ချစ်သူနှင့် ခွဲခွါရလျှင် မကြာခင်   ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။

AB - အရာရာ ကို မျှမျှတတ     ဝေဖန်ပိုင်းခြားဆင်ခြင်တတ်ကြပြီး၊     မိမိသဘော ဆန္ဒ သက်သက် ကို မကြည့်ဘဲ အများ၏ ဆန္ဒကို     ဆောင်ရွက်တတ်ကြသည်။      အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ    ဖြစ်ကြသည်။      အခြေအနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။

1 comments:

  1. Ngar ka "b" blood pr!! love yayy ka marr nay tal~~~~~yoon!!

    ReplyDelete